အပိုင်း ၂၂

2K 225 3
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၂၂


"ဟုတ်တယ်" ဝူထုန်က ညင်သာစွာ တုံ့ပြန်ခဲ့သည်။ သူမရဲ့ တုံ့ပြန်မှုက ချင်ကောရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအားလုံးကို တင်းမာသွားစေခဲ့သည်။

"မင်း အိပ်ရာပေါ်မှာ လှဲနေတာလား။"

ဝူထုန်က သူမ၏ ကုတင်ပေါ်တွင် လဲလျောင်းနေပြီး စာအုပ်တစ်အုပ်ကို ဖတ်နေသောကြောင့် တွေးတောမနေဘဲ သူမက “ဟုတ်တယ်” လို့ ပြန်ဖြေခဲ့သည်။

“မိန်းမ…” ချင်ကောရဲ့ အသံက အနည်းငယ် သြရှသည်။

"ဘာဖြစ်လို့လဲ "ဝူထုန်က ချင်ကော သူမကိုမိန်းမလို့ ခေါ်တဲ့အပေါ်မှာ အနည်းငယ် ခံနိုင်ရည်ရှိနေပြီ။

"အိပ်ရာပေါ်မှာ မင်းပုံစံက ဘယ်လိုရှိမလဲဆိုတာ ကို ကိုယ် စိတ်ကူးကြည့်နေတာ...... ကိုယ် တကယ်ပြောရဲတယ် မင်းက.. အရမ်းအရသာရှိမှာပဲ "

ဝူထုန် ဖုန်းချပစ်လိုက်သည်။ ဒီ​လူဘာ​လို့ ဒီ​လောက်​ညစ်ပတ်ရတာလဲ။

ဖုန်းအဆက်အသွယ် ပြတ်တောက်သွားတဲ့ကသံကိုကြားရတာ ချင်ကော မအံ့သြခဲ့ဘူး။ သူက လက်ရန်းကို မှီပြီး ရယ်မောလိုက်သည်။ ပထမဆုံးကြိမ်အဖြစ် သူ နောက်တစ်နေ့ရောက်လာဖို့ စောင့်မျှော်နေခဲ့သည်။

*နောက်နေ့ မနက်တွင်*

အိမ်မှာ မရှိသလောက်ရှားတဲ့ ချင်ကောက အပြင်မထွက်ဘဲ လူတိုင်းနဲ့ မနက်စာစားဖို့ ထမင်းစား စားပွဲမှာ ထိုင်နေတာကို ချင်မိသားစုက သတိထားမိသွားခဲ့သည်။

မစ္စစ်ချင် အနည်းငယ် အံ့အားသင့်ကာ မေးခဲ့သည်။ "ဒီနေ့ အပြင်ထွက်စရာ မရှိဘူးလား"

" ဒီနေ့ အပြင်ထွက်ဖို့ရှိတယ်။ နေ့လည်မှသွားမှာ "

တရုတ်စတိုင်အစားအစာများကို နှစ်သက်သူ ချင်ကော ကလွဲပြီး ချင် မိသားစုက နံနက်စာအတွက် အနောက်တိုင်းပုံစံ အစားအစာတွေကို စားသုံးလေ့ရှိသည်။  ထို့ကြောင့် ကျန်မိသားစုတွေက နံနက်စာကို ဓား၊ ခက်ရင်းတွေနဲ့ ကျက်သရေရှိစွာ စားသောက်နေချိန်၌ သူကတော့ ပေါက်စီကို လက်နဲ့ကိုင်ကာ မတင့်တယ်သည့်ပုံစံဖြင့် စားသောက်နေသည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now