အပိုင်း ၁၁

2K 206 0
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၁၁

လန်ဟိုင် စိတ်ရောဂါကုထုံးပညာရှင်ရုံး

"မင်္ဂလာပါ၊ ကြိုတင်ချိန်းဆိုထားတာရှိလားရှင့် "  သူနာပြုက တစ်စုံတစ်ယောက် ဝင်လာတာကိုတွေ့တာနဲ့ ရင်းနှီးစွာမေးခဲ့သည်။

"မင်္ဂလာပါ ကျွန်မဒေါက်တာ လီယွင်ကျင့်ကို ရှာနေတာပါရှင့် " ဝူထုန်က ယဥ်ကျေးစွာ တုံ့ပြန်ခဲ့သည်။

" ရှင်က မစ္စဝူထုန်လားရှင့် "  သူနာပြုဆရာမကို ကြိုတင်အကြောင်းကြားထားပုံရပြီး ဒေါက်တာ လီယွင်ကျင့်ကိုရှာနေတာလို့ ပြောလိုက်တာနဲ့ ဝူထုန် ဆိုတာကို ချက်ချင်း အတည်ပြုခဲ့သည်။

"ဟုတ်ပါတယ်"  ဝူထုန် အနည်းငယ် အံ့သြသွားကာ ခေါင်းညိတ်လိုက်သည်။

"ဒေါက်တာ လီက ရှင့်ကို စောင့်နေပါတယ်။  ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပေးပါ"  သူနာပြုက သူမလက်ကို ဆန့်ပြီး လမ်းပြပေးခဲ့သည်။

ဝူထုန်က သူနာပြုဆရာမနောက် မလိုက်မီ ခဏမျှ အံ့အားသင့်သွားခဲ့သည်။

သူနာပြုက ဝူထုန်ကို ဒေါက်တာလီရဲ့ ဆေးဘက်ဆိုင်ရာရုံးခန်းကို ခေါ်ဆောင်သွားခဲ့သည်။  သူမက တံခါးကို ပေါ့ပေါ့ပါးပါး ခေါက်လိုက်တယ်။ တုံ့ပြန်မှုအနေနဲ့ သာယာသော အမျိုးသမီးအသံက တံခါးအနောက်မှ “ဝင်ခဲ့ပါ” လို့ ဖြေလာခဲ့သည်။

"ဒေါက်တာလီ၊ မစ္စဝူထုန် ရောက်လာပါပြီ"  သူနာပြုဆရာမက ဘေးဘက် ကပ်ပေးခဲ့သဖြင့် ဝူထုန်သည် သူမနောက်မှ တံခါး မပိတ်မီ အထဲဝင်နိုင်ခဲ့သည်။

သူမ အခန်းထဲဝင်ပြီးနောက် ရိုးရှင်းစွာ ပေါ့ပေါ့ပါးပါး ဝတ်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကို ဝူထုန် တွေ့လိုက်ရသည်။  သူမသည် သေးသွယ်ပြီး ပိန်ပိန်ပါးပါး မျက်နှာလေးနှင့် ဖော်ရွေသော အပြုံးကို ဆင်မြန်းထားတာကြောင့် အလွန်ချစ်စရာကောင်းသည့် ခံစားမှုတစ်ခုပေးစွမ်းနေသည်။

"မင်္ဂလာပါ ဝူထုန်။ ကျွန်မနာမည်က လီယွင်ကျင့်။  ကျွန်မက ချင်ကော ရဲ့ စိတ်ရောဂါကု ဆရာဝန်တစ်ယောက်ပါ "  ဒေါက်တာလီက လက်တစ်ဖက်ကို ဆန့်ထုတ်ရင်း ပြုံးပြခဲ့သည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now