အပိုင်း ၂၃

1.9K 206 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၂၃

ဝူထုန်က အနည်းငယ် စိတ်မသက်မသာ ခံစားခဲရပေမယ့် သူမ ချင်ကောနောက်ကလိုက်ပြီး မွေ့ရာဘက်အတန်းဆီ လိုက်သွားသေးသည်။  ခြေထောက်ပါခေါက်မွေ့ရာ၊  ဥရောပမှ တရုတ်စတိုင်မွေ့ရာအထိ ရွေးချယ်စရာ မွေ့ရာ မျိုးစုံရှိသည်။  ဘယ်ကစရမှန်း သူမ မသိပေ။

ယဥ်ကျေးဖော်ရွေမယ့်မိန်းကလေးပုံရတဲ့ အရောင်းဝန်ထမ်းလေးက ဝူထုန် နဲ့ ချင်ကောကို မမေးမီ ယဉ်ယဉ်ကျေးကျေးမေးခဲ့သည်။ "မင်္ဂလာအိပ်ရာရွေးဖို့ လာတာလားရှင့်"

"ငါတို့ မင်္ဂလာမွေ့ရာဝယ်ဖို့လာတာ မင်းဘယ်လိုသိလဲ"  ချင်ကောက စူးစမ်းလိုစိတ်နဲ့ မေးခဲ့သည်။

"လူကြီးမင်းတို့ နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်ပုံရတယ်။ ဒါပေမယ့် တစ်ယောက်မှ လက်ထပ်လက်စွပ်မဝတ်ထားဘူးလေ။ အဲ့ဒါကြောင့် လက်ထပ်ဖို့ ပြင်ဆင်နေတာပဲလို့ သိလိုက်တာပါ "  အမျိုးသမီးငယ်က ပြုံးပြုံးလေး ပြန်ပြောခဲ့သည်။

အရောင်းဝန်ထမ်းလေးရဲ့ ရှင်းပြချက်ကို ကြားပြီးနောက် ချင်ကော ရုတ်တရက် အလွန်စိတ်ကောင်းဝင်သွားသည်။  "ငါတို့က လက်ထပ်စာအုပ် ရထားပြီးသား"

"ဂုဏ်ပြုပါတယ်နော်!"  အရောင်းဝန်ထမ်းက မေးခဲ့သည်။  “လူကြီးမင်းနဲ့ လူကြီးမင်းရဲ့အမျိုးသမီးကို ကျွန်မဘယ်လိုခေါ်ရမလဲ”

"ငါ့မျိုးရိုးနာမည်က ချင်"

"မစ္စစ် ချင် ဘယ်လိုမင်္ဂလာမွေ့ရာလိုချင်လဲရှင့်။ ကျွန်မ မစ္စစ်ကို နည်းနည်းပါးပါး အကြံပေးလို့ရပါတယ်” အရောင်းဝန်ထမ်းက မေးခဲ့သည်။

ချင်ကောက ခေါင်းတစ်ဖက်လှည့်ပြီး ဝူထုန်ကို ကြည့်လိုက်သည်။  ဝူထုန်က သံသယစိတ်ဖြင့် သူ့အကြည့်ကို ပြန်ကြည့်လိုက်ချိန် ပြုံးနေတာကို သတိပြုမိခဲ့သည်။  နှိုးစက်ခေါင်းလောင်းသံတွေက ချက်ချင်း သူမခေါင်းထဲ ပေါ်ထွက်လာသည်။

ချင်ကောက အရောင်ဝန်ထမ်း အမျိုးသမီးကိုပြောခဲ့သည်။ " 'လေ့ကျင့်ခန်း' နည်းနည်းလုပ်လို့ အဆင်ပြေမယ့် ကျယ်ပြီး သက်တောင့်သက်သာရှိတဲ့ မွေ့ရာ တစ်ခုလိုချင်တယ်"

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now