အပိုင်း ၂၅

1.9K 217 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၂၅

*အင်ပါယာ မြို့တော်ရှိ ဈေးဝယ်စင်တာတစ်ခုတွင်*

ချင်ကောက ဉာဏ်စမ်းရုပ်ဆက်အတွဲအသစ်ကို ရွေးချယ်ဖို့ ဖေးဖေးကို ဈေးဝယ်စင်တာဆီ ခေါ်သွားခဲ့သည်။  ချင်ကောက ဖေးဖေး လိုချင်သည့် ဉာဏ်စမ်းရုပ်ဆက်တွေကို စျေးဝယ်လှည်းထဲ ပစ်ထည့်နေစဉ် သူ့ဖုန်းကို ကြည့်နေသည်။

သူတို့က စတိုးဆိုင်ကို ပတ်ကြည့်ပြီးနောက် ငွေရှင်းကောင်တာကို သွားကြသည်။  ငွေကိုင်က ကြီးမားပြီး ရှုပ်ထွေးသည့် ရုပ်ဆက်အတွဲ ၃ ခုကို ကြည့်ရှုပြီး “ရှင်ကတကယ့် ဝါသနာရှင်ပဲ” လို့ ချီးကျူးတဲ့ အရိပ်အမြွက်နဲ့ မှတ်ချက်ပေးခဲ့သည်။

ချင်ကော တခစ်ခစ်ရယ်ပြီး "ကျွန်တော်တော့ မဟုတ်ဘူး ကျွန်တော့်သား"

စျေးဝယ်လှည်းမှာထိုင်နေတဲ့ ကလေးလေးကို ကြည့်ပြီး ငွေကိုင်က အံ့သြသွားသည်။

ချင်ကောက ငွေရှင်းပြီး ဈေးဝယ်လှည်းကို ကားရပ်နားရာနေရာဆီ တွန်းသွားခဲ့သည်။  လမ်းတစ်လျှောက် သူက ဖေးဖေးနဲ့ စကားပြောခဲ့သည်။  "ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း မင်းအမေက ဘယ်လိုလုပ် အဆက်အသွယ်မလုပ်ရတာလဲ။  ငါပေးတဲ့ ခရက်ဒစ်ကတ်ကိုလည်း သူ မသုံးဘူး။ ဘာမှမဝယ်ချင်လို့များလား"

ချင်ကောက သူတို့နောက်ဆုံးအကြိမ် တွေ့ခဲ့တဲ့အချိန်က ဝူထုန်ရဲ့မျက်နှာအမူအရာကို ပြန်စဥ်းစားမိလိုက်သည်။  တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသော်လည်း ချက်ချင်း ငြင်းလိုက်သည်။  "သူငါ့ရဲ့ ခရက်ဒစ်ကတ်ကို မလိုချင်တာ များလား။  မဟုတ်နိုင်ဘူး၊ သူ ပိုက်ဆံကိုကြိုက်တယ်ဆိုတာ ရှင်းနေတာပဲ။ ဒါမှမဟုတ် သူ စတော့ရှယ်ယာတွေကို ပိုကြိုက်တာလား။  ဒါပေမယ့် ကုမ္ပဏီက ငါ့ရှယ်ယာတွေကို သူ့ကို မပေးနိုင်ဘူး"

"ငါတို့ သူ့ကို ညစာစားဖို့ခေါ်လိုက်ရင်ကော " ချင်ကော က ဒါကို အရမ်းကောင်းတဲ့ အကြံတစ်ခုလို့ ထင်ခဲ့သည်။  "သူ မင်းအမေဖြစ်လာပြီးတဲ့နောက် မင်းသူ့ကိုမတွေ့ဖူးသေးဘူးမလား "

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now