အပိုင်း ၂၁

2.1K 234 3
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၂၁

ဝူထုန်က ချင်ကောနဲ့ အချိန်အနည်းငယ်ကြာကြာနေခဲ့တာကြောင့် ခါတိုင်းထက် အနည်းငယ်နောက်ကျပြီးမှ ဆေးရုံ ရောက်လာခဲ့သည်။ ရှောင်ယွမ်ရဲ့ လူနာခန်းထဲ သူမရောက်တဲ့အခါ သူ ထိုနေရာမှာမရှိတာ တွေ့လိုက်ရသည်။

သူနာပြုဆရာမလေး လျှောက်လာတော့ ဝူထုန်က မေးလိုက်သည်။  “ဆရာမ၊ ကျွန်မ မောင်လေး ဘယ်သွားလိုက်လဲ သိလားရှင့်”

“အိုး…” သူနာပြုဆရာမက ခဏလောက်စဉ်းစားပြီး ပြန်ဖြေခဲ့သည်။  “ရှင့်ရဲ့မောင်လေးက သူ့သူငယ်ချင်းနဲ့  ပန်းခြံထဲမှာကစားနေတယ် ”

"ကျေးဇူးတင်ပါတယ်"  ဝူထုန်က အောက်ထပ်ဆင်းဖို့ ဓာတ်လှေကားပေါ်ပြန်တက်ခဲ့သည်။ သူမ ရောက်တဲ့အခါ ပန်းခြံငယ်လေးဆီ လျှောက်သွားခဲ့ပြီး ဘေးတံခါးပေါက်မှ လျှောက်ခဲ့သည်။

ဝူထုန် မီတာအနည်းငယ်အကွာက မောင်ဖြစ်သူရဲ့ ရယ်မောသံကို ကြားလိုက်ရသည်။ ရှောင်ယွမ်က ဆေးရုံဝတ်စုံကို ၀တ်ဆင်ထားပြီး သူ့သူငယ်ချင်းနှင့် မြက်ခင်းပြင်ပေါ်တွင် ဘောလုံးကစားနေသည်။  အချင်းချင်း ပျော်ပျော်ကြီး လိုက်ဖမ်းနေကြတ။  ဖြတ်သန်းလာတဲ့နေ့တွေတိုင်းမှာ သူ့မောင်က ပိုပိုပြီး တက်ကြွလာတာကို တွေ့ရတော့ သူမ တစ်ချိန်တည်းမှာပဲ ပျော်ရွှင်မှုနဲ့ လွမ်းဆွေးမှုကို ခံစားခဲ့ရသည်။

သူမ ဒီနေ့လက်ထပ်ပြီးပြီ။ ဒါပေမယ့် သူ့ကိုဘယ်လိုသတင်းပေးရမလဲမသိဘူး။

"အစ်မ!"  ရှောင်ယွမ် ရုတ်​တရက်​လှည့်​လိုက်တော့ ဝူထုန်က ပန်းပွင့်​​နေတဲ့ ချုံပုတ်​​နောက်​မှာ ရပ်​​နေတာကို မြင်​လိုက်​ရသည်​။  သူက ပြုံးပြီး လက်ဝှေ့ယမ်းကာ ဝူထုန်ဆီ အလျင်အမြန် ပြေးမသွားခင် သူ့သူငယ်ချင်းဆီ ဘောလုံးကို ပြန်ပေးခဲ့သည်။

ဝူထုန် မျက်မှောင်ကျုံ့ဖို့ကလွဲပြီး မတတ်နိုင်ခဲ့ပေ။ "ဖြေးဖြေးလာ"

ရှောင်ယွမ်က ပြုံးပြီး သူ့အစ်မရဲ့စကားကိုနာခံကာ ဖြေးဖြေးပဲသွားခဲ့သည်။  “ကျွန်တော် အစကတည်းက ပြန်ကောင်းလာမယ်လို့ ဆရာဝန်ပြောထားတာပဲ။ သူတို့ မျှော်မှန်းထားတာထက် စောပြီး ဆေးရုံက ဆင်းနိုင်မယ်လို့တောင် ပြောကြတယ်”

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now