အပိုင်း ၄၀

2K 217 2
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၄၀

"ကိုယ်လည်း ဗိုက်ဆာတယ်"  ချက်ကောက တိုးတိုးလေးပြောလိုက်သည်။  သူစကားပြောနေစဉ် ဝူထုန်ကို ပြန်ဆွဲဖို့ သူ့လက်ဆန့်ခဲ့ကာ လှည့်ပြီး သူမကိုကျောက်တုံးပေါ် ဖိလျက် အချိန်အတော်ကြာ နမ်းခဲ့သည်။ "ဒီလိုမျိုး အစပြုဖို့ ကျန်နေသေးပုံရတယ်"

ထိုအချိန်တွင် ချင်ကောမှာ ရင်ဘတ်ဗလာဖြစ်နေပြီး ဝူထုန်က သူ့ပခုံးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ကျန်တစ်ဖက်မှာ သူ့ရင်ဘတ်ကို ဖိထားသည်။ မြဲမြံသော အထိအတွေ့က သူမလက်ဖဝါးမှတဆင့် ပျံ့နှံ့သွားပြီး လေထုက ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်အနံ့နှင့် ချွေးများဖြင့် ပြည့်နေခဲ့သည်။ အကြောင်းတစ်ခုခုကြောင့် ယခုအချိန်တွင် ဝူထုန်မျက်လုံးထဲ၌ ချင်ကော  မျက်လုံးထောင့်များတွင်ရှိသည့် အမာရွတ်များက အနည်းငယ် ချစ်စဖွယ်ကောင်းနေပုံရသည်။

"ခံစားလို့ကောင်းရဲ့လား"  ချင်ကောက နောက်ပြောင်ပြီး မေးခဲ့သည်။

ဝူထုန် သတိပြန်ဝင်လာတော့ ချင်ကောက သူ့ရင်ဘတ်ကို လက်နဲ့ထိထားတဲ့ သူမကို ကြည့်နေတာကို မြင်လိုက်ရပြီး သူမလက်က သူ့ ရင်ဘတ်ကြွက်သားရဲ့နေရာမှာ ရှိနေကာ အပူတွေ တဟုန်ထိုး တက်လာတာကို ခံစားလိုက်ရသည်။  သူမ ထိတ်လန့်သွားပြီး ချင်ကောကို တွန်းထုတ်လိုက်သည်။

သူ့မိန်းမက သွေးထွက်သည်အထိ မျက်နှာကနီရဲနေတာကိုမြင်တော့ ချင်ကောက ဝူထုန့်ကို လှည့်စားနေတာ ရပ်ပြီး သူမကိုထူပေးဖို့ သူ့လက်ကို ဆန့်ကာ ပြောခဲ့သည်။ "ပြန်ကြရအောင်"

အပြန်လမ်းမှာ ချင်ကောက ဝူထုန့်ကို ကျောပိုးသွားပြီး ဝူထုန်က လမ်းတစ်လျှောက် ရှုခင်းတွေကို သဘောကျနှစ်သက်နေသည်။ ပြီးတော့ ချင်ကောကလည်း ဝူထုန် သူ့ အဝတ်အနားကို ဆုပ်ကိုင်ထားတဲ့  ခံစားချက်ကို သဘောကျသည်။

ဟိုတယ်ပြန်ရောက်တော့ သူတို့နှစ်ယောက် ရိုးရိုးလေးသာ ရေချိုးပြီး မနက်စာစားဖို့ စားသောက်ဆိုင်ဆီ သွားခဲ့ကြသည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now