အပိုင်း ၆၀

1.4K 159 3
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၆၀

ဝူထုန့် အမြင်မှာ သင့်မှာ ပိုက်ဆံရှိတာဖြစ်ဖြစ် မရှိဖြစ်ဖြစ် ကိစ္စမရှိဘူး။  အလုပ်တစ်ခုတော့ရှိရမယ်။ ဘာလို့လဲဆိုတော့ လုပ်စရာမရှိရင် စိတ်ဝိဥာဉ်ကို သတ်ပစ်လိမ့်မယ်ဆိုပြီး အမြဲတမ်းခံစားရသည်။

ပြီးတော့ ချင်ကောကရော။ သူ့ရဲ့ကောင်းကင်ကြီးက ဘယ်လောက်ကျယ်လိုက်လဲ အခု ဘယ်လောက် ကျဉ်းသွားပြီလဲ။  ခြံထဲမှာ ပုန်းပြီး သူ့မိန်းမရဲ့ ခြေသံကို နားထောင်တဲ့သူတစ်ယောက် မဖြစ်သင့်ဘူး။

"မင်း ဘာတွေစဥ်းစားနေတညလဲ"  သခင်လေးချင်က မိန်းမောနေတဲ့ သူ​့မိန်းမကို သတိထားမိခဲ့သည်။

"ဒီည ဘာစားရမလဲလို့ စဉ်းစားနေတာ"  ဝူထုန်က ပြန်ပြောလိုက်သည်။

"မင်းချက်တဲ့ ဟင်းကို စားချင်သေးတယ်"  သခင်လေးချင် အလိုလိုက်ခံထားရတဲ့ ကလေးလို ပြုမူဖို့ အခွင့်အရေး ယူခဲ့သည်။

ဝူထုန်က မေးလိုက်သည်။ "အိမ်မှာ စားစရာရှိလား"

သခင်လေးချင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ရှိတယ် ရှိ​တယ်​၊ ဒီ​နေ့​နေ့လည်​တုန်းက အပြင်​ထွက်​ပြီးအများကြီး ဝယ်​ထားတယ်​"

ဝူထုန် မကူညီနိုင်တော့ဘဲ ရယ်လိုက်မိသည်။ "ရှင်ကြိုက်တယ်ဆို အလုပ်ဆင်းရင် ကျွန်မ နေ့တိုင်းလုပ်ပေးမယ်"

သခင်လေးချင် မျက်လုံးတွေက အရင်ဆုံး တောက်ပလာပေမယ့် တုံ့ဆိုင်းစွာ ပြောလိုက်သည်။ “အရမ်းပင်ပန်းနေမှာပေါ့ မိန်းမ အလုပ်မှာ အရမ်းကြိုးစားခဲ့ပြီးသားကို ”

ဝူထုန်က ကတ်ထဲတွင် ချင်ကောက သူမကို ပိုက်ဆံဘယ်လောက်ပေးခဲ့လဲကို တစ်ခါမှ မစစ်ဆေးဖူးပေမယ့် သူတစ်မိနစ်မှ အလုပ်မလုပ်ဘဲ နေ့တိုင်းစားတာ၊ သောက်တာနဲ့ ပျော်ပါးတာတွေမှာ ကုန်ဆုံးနိုင်မှာ မဟုတ်ကြောင်း သူမ သိသည်။  ဤကိစ္စတွင် သူမ နေ့တိုင်း အလုပ်သွားလုပ်ဖို့ တောင်းဆိုခဲ့ပြီး ချင်ကောက  ဘယ်တော့မှ မတားခဲ့ပေ။ သူဘာမှ မပြောရင်တောင်မှ ဒါဟာ လေးစားမှုနဲ့ ချစ်ခြင်းတစ်မျိုးဆိုတာ ဝူထုန် နားလည်သည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now