အပိုင်း ၄၆

1.7K 182 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၄၆

နှစ်ယောက်သား အိမ်ပြန်ရောက်တော့ ဘယ်သူမှ သူတို့ကိုလာမကြိုကြပေ။ ချင်ကောက သူတို့ခရီးဆောင်အိတ်ကို တွန်းကာ ခရီးထွက်ပြီးနောက် မှင်သက်ဖွယ်ကောင်းချီးများ ခံစားခဲ့ရသလို ခြေလှမ်းတိုင်းကို ဖျတ်လတ်စွာ လမ်းလျှောက်နေပြီး ဇနီးဖြစ်သူကို ဦးဆောင်ကာ လေဆိပ်က ထွက်လာခဲ့သည်။  ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူလှည့်ကြည့်ပြီး ဝူထုန်ကို ပြုံးပြလိုက်သည်။ ဝူထုန် ဒီအရူးနဲ့ မသွားချင်တော့လောက်အောင် အော်ဂလီဆန်ခဲ့သည်။

နောက်ဆုံး ဂျစ်ကားပေါ်တက်တဲ့အခါ ဝူထုန်က ကားမောင်းနေတဲ့ ချင်ကောကိုကြည့်ကာ "ကျွန်မတို့ အိမ်အရင်ပြန်ပြီး ခရီးဆောင်အိတ်ထားမလား ဒါမှမဟုတ် ဖေးဖေးကို အရင်သွားခေါ်မလား" လို့ မေးလိုက်သည်။

"ဖေးဖေးကို သွားခေါ်ကြမယ်။ ဒီကောင်လေး ကိုယ်တို့ကို လွမ်းနေမှာပဲ"  လို့ချင်ကော ပြောလိုက်သည်။

"ကျွန်မတို့ ရောက်တာနဲ့ ဖေးဖေးကို ဖုန်းတစ်ချက်ခေါ်မယ်လို့ ရှင်ပြောခဲ့တယ် မဟုတ်လား"  ဝူထုန်က သူ့ကို ဖေးဖေးဆီ ဖုန်းခေါ်ခိုင်းတဲ့ နောက်ဆုံးအကြိမ်ကို မှတ်မိနေတုန်းပဲ၊ အဲဒီလူရဲ့ပုံစံက တွန့်ဆုတ်နေပုံရတယ်။

"ကိုယ် နိုင်ငံကနေ မထွက်ခွာခင် ဖေးဖေးကို ကတိပေးထားတယ်။ ကိုယ် ပြန်လာတဲ့အခါ သူ့ကို လာခေါ်မယ်လို့ "ချင်ကောက "ဖုန်းဆက်တာဖြစ်ဖြစ် မဆက်တာဖြစ်ဖြစ် ကိစ္စမရှိဘူး၊ ဒါပေမယ့် မင်းကတိပေးထားတဲ့အရာကို မေ့လို့တော့မရဘူး"

ဝူထုန် ထိုလူကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ သူ့မှာ ဒီလောက်လေးနက်တဲ့ ဘက်အခြမ်းရှိလိမ့်မယ်လို့ သူမ မမျှော်လင့်ခဲ့ပေ။

"မင်းရဲ့လူက ချောတယ်လို့ ချက်ချင်းထင်သွားပြီလား"ချင်ကောက အရှက်မဲ့စွာ ကြွားလုံးထုတ်လိုက်သည်။

"​ကောင်း​ကောင်း​မောင်း"  ဝူထုန်က သူ့ကို မကျေနပ်ကြောင်း ဖွင့်ဟခဲ့သည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now