အပိုင်း ၃၂

1.9K 203 3
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၃၂ 

ဝူထုန်က အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ဆံပင်တစ်ဝက်ကိုထုံးထားသည်။  ရိုးရှင်းသော ခရီးဆောင်အိတ်ကို ကိုင်ဆောင်ကာ ချင်ကောရဲ့ ဂျစ်ကား လာမယ့်အချိန်ကို စောင့်ချိန် နေရောင်ခြည်က သူမ နွေးထွေးစွာ ကြိုဆိုနေသည်။ သူမသည် စိတ်လှုပ်ရှားမှုနဲ့ စိုးရိမ်ကြောင့်ကြမှု နှစ်ခုစလုံးကို ခံစားရသော်လည်း မျှော်လင့်ခြင်းအရိပ်အယောင်ကိုလည်း ခံစားခဲ့ရသည်။

ချင်ကောက ဝူထုန် ရှေ့မှာ ရပ်လိုက်ပြီး သူ့ရဲ့ အရောင်ပါသည့်နေကာမျက်မှန်ကို မချွတ်ခင် ခဏလောက် စောင့်ကြည့်ခဲ့သည်။  သူဟန်လုပ်ပြုံးလိုက်ပြီး "နေကာမျက်မှန်တပ်ရတာ မိုက်ပေမယ့် ကိုယ့်မိန်းမကို ကောင်းကောင်း ကြည့်လို့မရဘူး"

“.....…” သူက ရုပ်ရည်ချောမောတယ်လို့ စက္ကန့်ပိုင်းလောက် တွေးကြည့်မိတဲ့အချိန် ငါ့ မျက်စိကန်းသွားလိမ့်မယ်။

"ဒီနေ့ ကိုယ်ဘယ်လိုနေလဲ"  လို့ချင်ကော မေးလိုက်သည်။

ဝူထုန်က "အောင်ပါတယ် "လို့မပြောမီ သူ့ကိုစုန်ချည်ဆန်ချည်ကြည့်ခဲ့သည်။
 

ချင်ကောက သူ့နေကာမျက်မှန်ကို ရှပ်အင်္ကျီကော်လာပေါ် တိတ်တဆိတ်ချိတ်လိုက်ပြီး ဂျစ်ကားထဲမှ ထွက်လာခဲ့သည်။  သူက ဝူထုန်ဆီ လျှောက်လာကာ သူမရှေ့တွင် ရပ်လိုက်ပြီး "ဟန်နီ၊ ဒါပထမဆုံးအကြိမ် မင်းက ကိုယ့်ကို ချီးကျူးလိုက်တာပဲ" လို့ ကလူစကားပြောရင်း သူမရဲ့ ဆံပင်တစ်မျှင်ကို ဆွဲဖယ်ပေးလိုက်သည်။

အဲဒါက ဘယ်လို ချီးကျူးမှုမျိုးလဲ။

သူသည် နီးကပ်စွာတိုးကပ်နေသဖြင့် သူမမျက်နှာ နီရဲသွားသည်။  "သွား......ကြရအောင်။ ကျွန်မတို့ လေယာဉ်ချိန်မှီမှဖြစ်မယ် ”

ချင်ကောက အကျယ်ကြီး ရယ်ပစ်လိုက်ပြီး "အရင်ဆုံးအနမ်းပေးဦးမယ် " လို့ပြောလိုက်သည်။ သူက ဝူထုန်ရဲ့ မျက်နှာကို လက်နဲ့ဆုပ်ကိုင်လိုက်ပြီး နမ်းလိုက်သည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now