အပိုင်း ၉

2.1K 239 2
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၉

ဝူထုန် သူမ မောင်လေး လူနာခန်းမှ ထွက်လာခဲ့သည်။  သူမ လှည့်ကြည့်လိုက်တော့ ဝူခိုင်  ပြုံးနေတာကို တွေ့လိုက်ရသည်။

" ရှောင်ခိုင် ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ" ဝူထုန် မေးလိုက်သည်။

“ဒီနေ့ စစ်ဆေးမှုတွေ အများကြီးလုပ်ရတယ်လေ။  နောက်ဆုံးတော့ ကျွန်တော် အားလပ်ချိန်တစ်ခုရလာလို့ ရှောင်ယွမ် နဲ့ စကားစမြည်ပြောဖို့ လာခဲ့တာ" "ရှောင်ယွမ် အိပ်ပျော်သွားပြီလား"လို့မမေးခင် ဝူခိုင်က ရှောင်ယွမ် ရဲ့ လူနာခန်း တံခါးကို တစ်ချက်ကြည့်လိုက်သည်။

ဝူထုန်က ပြန်ဖြေခဲ့သည်။ "ဟုတ်တယ်၊ သူ အခုလေးတင် အိပ်ပျော်သွားတာ"

ဝူခိုင်က ရှောင်ယွမ်နှင့် စကားစမြည်မပြောဖို့ ဆုံးဖြတ်လိုက်သည်။  "ဒါဆို မနက်​ဖြန်​မှ ထပ်​​လာတော့မယ် "

"ရှောင်ယွမ်လည်း ဒီနေ့ စစ်ဆေးမှုတွေ အများကြီးလုပ်ထားရတော့ အစ်မလည်း မင်းကို လာကြည့်ဖို့ အခွင့်မရလို့ပါ။ ပင်ပန်းနေပြီလား"  ဝူထုန် မေးလိုက်သည်။

"အဆင်ပြေပါတယ်။  အလုပ်များတဲ့သူတွေကတော့ သူနာပြုတွေ၊ ဆရာဝန်တွေနဲ့ ရုတ်ရုတ်ရုတ်ရုတ်လုပ်နေတဲ့ ကျွန်တော့်အမေပဲ။ ကျွန်တော်ကတော့ ထိုင်ပြီး လှဲနေဖို့ပဲ တာဝန်ရှိတာ” ဝူခိုင်က ပြုံးပြီး တုံ့ပြန်ခဲ့သည်။  သူက ရုတ်တရက် တစ်ခုခုကို တွေးမိပြီးမေးလိုက်သည်။ “အိုး၊ စကားမစပ်။  ဒုတိယအစ်မ [1]၊ မနေ့က ကျွန်တော်တို့အိမ်သွားတုန်းက ကျွန်တော့်မိဘတွေက အစ်မကို ဘာပြောလိုက်လဲ "

[1] အရှေ့အာရှယဉ်ကျေးမှုတွင် ကိုယ့်ထက်အသက်ကြီးသော (သို့) ငယ်သော သူစိမ်းတစ်ဦးကို "အကို/အစ်မ" (သို့မဟုတ် "ညီ/ညီမ") ဟုခေါ်ဆိုခြင်းက အလွန်အသုံးများသည်။  ထို့ကြောင့် ဝူခိုင်နဲ့ ဝူထုန်တို့က မောင်နှမ ဝမ်းကွဲများဖြစ်ကြသော်လည်း သူမအား "အစ်မ" ဟုခေါ်ဆိုဆဲဖြစ်သည်။  ဝူထုန်သည် သူ့အစ်မအရင်းထက် ငယ်သောကြောင့် ဝူထုန်ကို "ဒုတိယ အစ်မ" ဟုခေါ်တာဖြစ်သည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now