အခန်း ( ၁ ) လူသတ်ရန်ကြံစည်မှု

191 13 0
                                    

     " မမလေးတော့ သေပြီ။ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ ? "

     " ဟွန့် နင် ဘာတွေ ကြောက်နေတာလဲ ? သူ(မ)သေပြီ ဆိုတော့ ယန်သခင်လေးကို လက်ထပ်ရမယ့်သူက ငါဖြစ်လာမှာလေ "

     " ဒါပေမယ့် သခင်မကြီးသာ ကျွန်မတို့လုပ်ခဲ့တာတွေကို ရှာတွေ့သွားရင်ရော "

     " ဒါပေမယ့်တွေ ဘာတွေ လုပ်မနေစမ်းပါနဲ့။ နင်တစ်ယောက်ယောက်ကိုသာ ပြောရဲပြောကြည့် နင့်မောင်လေးရဲ့ဆေးကုသမှုကို နှုတ်ဆက်ရပြီသာမှတ် "

     သူတို့နှစ်ယောက်ရဲ့ တီးတိုးစကားသံတွေက စုန့်ကျားရန်ရဲ့ နားထဲဝင်လာတဲ့အခါမှာတော့ သူ(မ)မျက်မှောင်ကြုတ်မိတယ်။ ဒါပေမယ့်လို့ သူ(မ)ဘယ်လောက်ပဲ ကြိုးစားကြိုးစား မျက်လုံးဘယ်လိုမှ ဖွင့်လို့မရဘူး။

     အချိန်အနည်းငယ် အကြာမှာတော့ ရုတ်တရက်ဆိုသလို သူ(မ)ဖျက်ခနဲ နိုးလာပြီး အသက်ရှိုက်ကြီးတငင်ရှူနေရတယ်။ ပြီးတော့ သူ(မ)နှလုံးတွေ တအားခုန်နေတယ်။

     သူ(မ)ပတ်ဝန်းကျင်ဟာ အမှောင်အတိဖြစ်လို့နေတယ်။ သူ(မ)ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်ပေမယ့်လို့ အရမ်းကို လေးလံနေတယ်။ ပြီးတော့ အချိန်နဲ့အမျှ နာကျင်နေတယ်။ ဘာတွေဖြစ်နေတာလဲ ?

     သူ(မ)နောက်ဆုံး မှတ်မိတာက သူ(မ)က ဆေးနယ်ပယ်မှာ အမြင့်မားဆုံး အောင်မြင်ကျော်ကြားမှု ရရှိခဲ့တယ်။ သူ(မ)က ဆုယူပြီးပြီးချင်းကို ရေတစ်ငုံသောက်လိုက်မိတယ်။ ဒါပေမယ့် အဲ့ဒီနောက်မှာ ရေသီးပြီး သေသွားတာပဲ။

     အဲ့သလို ကို့ယို့ကားယားနိုင်ပြီး သနားစရာအဖြစ်ကြောင့် သူ(မ)က မနက်ဖြန် သတင်းမှာ ပါလာမယ့် ထိပ်စီးခေါင်းစဥ်က ဘာလဲဆိုတာ ကြိုတင်ခန့်မှန်းလို့တောင်ရနေပြီ။

    " ဆေးဘက်ဆိုင်ရာက ငယ်ရွယ်တဲ့လူတော်လေး ရေသီး၍ သေဆုံးခြင်း "  ဆိုပြီးလေ။

     ရုတ်တရက်ဆိုသလိုပဲ အခန်းတံခါးဟာပွင့်လာပြီး နေအလင်းရောင်ဟာလဲ အခန်းထဲကျရောက်လာတယ်။ စုန့်ကျားရန်လဲ အလိုအလျောက်ပဲ သူ(မ)မျက်လုံးတွေကို ပိတ်ချလိုက်တယ်။ သူ(မ)မျက်လုံးတွေ အလင်းရောင်နှင့် အသားကျသွားချိန်မှာတော့ သူ(မ)က ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေခဲ့တာကို သိရှိသွားတယ်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Où les histoires vivent. Découvrez maintenant