အခန်း ( ၂၇ ) သက်သေခံခြင်း

104 10 0
                                    

     စုန့်ယိုယိုက ပုလင်းကို ယူလိုက်ကာ သူ့ကိုယ်သူဖြန်းလိုက်ပြီး " ဒါကရေမွှေးပုလင်းလေးတစ်ခုပါပဲ။ အနံ့ကတော့ တို့ အကြိုက်ဆုံး သစ်ခွပန်းရနံ့လေ။ ကျားရန် ကြိုက်တယ်ဆိုရင် ပုလင်းတွေ တို့က ထပ်ပေးမှာပေါ့။ ဘာလို့ ဒီလိုလုပ်ကြံပြောပြီး လိမ်ရတာလဲ ? "

     စုန့်ယိုယိုက လူတွေကို ကျောပေးထားတဲ့အတွက် စုန့်ကျားရန်ကို သရော်တဲ့မျက်နှာနဲ့ ကြည့်လိုက်သည်။ စိတ်ထဲကနေတော့ ' ငါ့ကိုဆန့်ကျင်နိုင်မယ်လို့ ထင်နေတာလား ? 'လို့ တွေးနေတယ်။

     သူ့(မ)မျက်နှာကို ရေမွှေးဘူးနဲ့ ဖြန်းနေတဲ့ စုန့်ယိုယိုကို ကြည့်နေရင်း စုန့်ကျားရန် ပြုံးလိုက်သည်။ အဓိပ္ပာယ်အပြည့်နဲ့ အကြည့်တစ်ခုက သူ(မ)မျက်၀န်းထဲပေါ်လာသည်။ အဲ့တာက နဂိုမူလပုလင်း မဟုတ်ဘူး။

     စုန့်ယိုယိုက သူ(မ)ရဲ့ လုပ်ရက်ကနေတစ်ဆင့် ဒီပစ္စည်းက အဆိပ်မရှိကြောင်းပြသလိုက်သည်။ စုန့်ချူးရန်က ရွံရှာတဲ့ပုံနဲ့ " နင် ဘာထပ်ပြောချင်သေးလဲ ? "

     ၀မ်ယောင်ထျန်ကလဲ လှောင်လေသည်။

    " ဒါလား မင်းပျိုးထောင်ထားတဲ့ သမီးကောင်းလေး။ သူ(မ)က ယိုယို့ကိုတောင် ချောက်ချအကွက်ဆင်ပြီး ခပ်တုံးတုံးအကွက်တွေတောင် တွေးလိုက်သေးတယ်။ "

     စုန့်မေ့ယွီကတော့ စုန့်ကျားရန်လက်ကို ကိုင်လိုက်ပြီး အားပေးနေတယ်။ ဘာတွေပဲဖြစ်နေပါစေ သူ(မ)သမီးရဲ့ဘက်မှာပဲ သူ(မ)အမြဲနေမှာ။

     ဒါက စုန့်ကျားရန်ကို အံ့သြသွားစေတယ်။ စုန့်မေ့ယွီက သူ(မ)မိသားစုကို ဘယ်လိုကောင်းကောင်းဆက်ဆံလဲဆိုတာ သူ(မ)သိသည်။ ဒါကြောင့် ဒီလိုကိစ္စမျိုးကို လက်မခံနိုင်တဲ့ ပထမဆုံးသောသူက သူ(မ)အမေ ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့တာ။

     သူ(မ)က အပြုံးလေးနဲ့ သူ(မ)အမေလက်ကို ပြန်ဆွဲလိုက်သည်။ ပြီးတော့ စုန့်ယိုယိုက ဘ၀င်ခိုက်နေတဲ့အချိန်မှာပဲ သူ(မ)လက်ခုပ်တီးလိုက်တယ်။ ထိုအခါ ၀မ်လင်က ၀င်လာလေသည်။

     စုန့်ယိုယိုက ၀မ်လင်ကို လဲတွေ့ရော အနည်းငယ် တုန်လှုပ်သွားသည်။ ပြီးတော့ သူ(မ)က တစ်စုံတစ်ခုကို သတိရသွားတဲ့အတွက် တည်ငြိမ်သွားသည်။ သူ(မ)က ၀မ်လင့်ကို အေးစက်နေတဲ့အကြည့်ကို ပေးလိုက်တယ်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now