အခန်း ( ၃၉ ) လက်ဗလာနှင့် ထွက်သွားရခြင်း

102 11 0
                                    

     စုန့်မေ့ယွီက ၀မ်ယောင်ထျန် ဟန်ပန်များနေတဲ့ပုံကို ကြည့်နေရင်း သူ(မ)နှလုံးသားလေး ပိုပိုပြီးအေးစက်လာတာကို ခံစားနေရတယ်။ ဆယ်နှစ်ကျော်တောင်ရှိနေပြီကို အခုချိန်ထိ သူ့စိတ်ကိုဖောက်ထွင်းပြီး မမြင်နိုင်ခဲ့ဘူး။ သူက အလိမ်အညာတွေကို မညှာမတာနဲ့ ကရားရေလွှတ်ပြောနေတယ်။ ဘယ်လိုတောင် အရှက်မဲ့တာလဲ ? တကိုယ်ကောင်းဆန်ပြီး သူ့ကိုယ်ပိုင်ဆန္ဒတွေအတွက် လုပ်နေတယ်ဆိုတာ အသိသာကြီးကို ဒါတောင်မှ သူက ဟိတ်ဟန်နဲ့ ကြီးကြီးကျယ်ကျယ်တွေ လာပြောနေသေးတယ်။

     သူ(မ)က စိတ်ပျက်မှုတွေကို မထုတ်ပြပဲ သူမနဲ့ သူ(မ)သမီးတို့ရဲ့ အစီစဥ်အတိုင်း ဆက်လုပ်လိုက်တယ်။

     " ကျွန်မတို့ ငွေတွေ အကုန်လုံးကို တောင်ပင်လယ် ပရောဂျက်မှာ မြှုပ်နှံလိုက်ပြီးသွားပြီ။ ဒီဆေးပရောဂျက်အတွက် ရင်းနှီးဖို့အတွက် ပိုက်ဆံမရှိတော့ဘူး။ "

     ၀မ်ယောင်ထျန်က သူ့(မ)ကို သရော်တဲ့အကြည့်တွေနဲ့ ကြည့်လိုက်ပြီး ဒီမိန်းမက အမြော်မြင် မရှိဘူးပဲ။ ပတ်၀န်းကျင်က သူ့(မ)ကို ချီးကျူးနေတာတွေကလဲ တကယ်တမ်းကျတော့ ပုံကြီးချဲ့နေတာတွေပဲလို့ သူ့စိတ်ထဲတွေးနေသည်။

     ၀မ်ယောင်ထျန်က စုန့်မေ့ယွီကို သူ့စိတ်ထဲကနေ နှိမ်နေသည်။ ဒါပေမယ့် ကျင်းရှန်း ကော်ပိုရေးရှင်း ကို တည်ထောင်တဲ့သူက သူ(မ)ဖြစ်နေတယ်ဆိုတာတော့ သူဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ စိတ်ကြီး၀င်နေခြင်းကပဲ သူ့ကို ချောက်နက်ကြီး(ဒုက္ခတွင်း၊သေတွင်း)ဆီကို တွန်းပို့ခဲ့တယ်။

     " မင်း ဒီပရောဂျက်ကို ကိုယ့်ဆီမှာ အပ်နှံထားရုံပါပဲ။ ကျန်တဲ့ကိစ္စတွေကို မင်းဘာမှစိတ်ပူစရာ မလိုဘူး။ ခဏနေကျရင် စာချုပ်ကို တစ်ယောက်ယောက်နဲ့ လာပို့ခိုင်းလိုက်မယ်။ မင်း လက်မှတ်ထိုးထားလိုက်။ "

     ဒါပေမယ့် စုန့်မေ့ယွီကတော့ လက်မခံဘူး။

     " ဒီပရောဂျက်ကို ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်ကြမယ် "

     ၀မ်ယောင်ထျန်ရဲ့ မျက်နှာက အနည်းငယ် မဲ့သွားလေသည်။ သူတို့သာ ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်းလုပ်မယ်ဆိုရင် ဒီပရောဂျက်ရဲ့အမြတ်က သူ(မ)ရဲ့အပိုင်ဖြစ်သွားမှာ။ ဒါမျိုးကိုတော့ ဘာကိစ္စသူလုပ်မှာလဲ ? သူအကောင်းဆုံးကြိုးစားပြီး သူ့(မ)ကို ဖြောင်းဖြပါသော်လည်း စုန့်မေ့ယွီက သူ့(မ)အကြံကို မပြောင်းလဲဘူး။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now