အခန်း ( ၁၂ ) စိတ်ဆိုးနေတဲ့ ၀တ်ရုံအမဲနဲ့လူတွေ

121 11 0
                                    

     နှစ်ဦးနှစ်ဘက်က ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေတဲ့အချိန်မှာ ထွက်ပြေးသွားကြတဲ့ ၀တ်ရုံအမဲနဲ့လူတွေ ပြန်ရောက်လာသည်။ လူအချို့က သူတို့နောက်ကနေ လိုက်ဖမ်းနေသည်။ ၀တ်ရုံမဲနဲ့လူတွေ သူ(မ)တို့ဘက် ပြေးလာတဲ့အခါမှာတော့ နောက်ကလိုက်နေတဲ့သူတွေက သူတို့ကို သတ်ပစ်လိုက်သည်။

     အသားကို ဓားနဲ့ဖြတ်တဲ့အသံတွေ သွေးတွေဖွားခနဲ လွင့်စင်တဲ့အသံတွေက ညယံမှာတော့ ကြောက်မက်ဖွယ်ရာပဲ။ ယန်ချန်ဆီကို လျှောက်လာတဲ့ လူအချို့ကို သူ(မ) တွေ့လိုက်သည်။ သူတို့က ယန်ချန်ကို ရိုရိုသေသေနဲ့ ဦးညွှတ်ပြီး " မစ္စတာ သူတို့အကုန်လုံးကို ဖမ်းမိပါပြီ "

     ယန်ချန်က အကြည့်တွေကို ကြမ်းပြင်ပေါ်က ထောင့်မှန်စတုဂံအရာ၀တ္တုအပေါ် ရွှေ့လိုက်သည်။ အဲ့ဒီအရာက စုန့်အိမ်တော်ကနေ ၀တ်ရုံအမဲနဲ့လူတွေ ခိုးလာတဲ့ပစ္စည်းပဲ။

     စုန့်ကျားရန်လဲ ငဲ့ကြည့်လိုက်တဲ့အခါ အဲ့ပစ္စည်းက စုန့်ချူးရန်အခန်းမှာ ချိတ်ထားတဲ့ ပန်းချီကား ဖြစ်နေသည်။ သူ(မ) ဒါကို အရင်ကမြင်ဘူးတယ်။ အဲ့ဒါက အတော်လဲတန်ဖိုးကြီးပုံပဲ။ ဒါပေမယ့် ဘယ်လောက်ပဲ တန်ဖိုးကြီးကြီးပါ ဒီလိုလူတွေ သတ်ဖြတ်နေရအောင်လောက်ထိတော့ မတန်ဘူးလေ။

     သူ(မ)မေးခွန်းကို ၀မ်ချင်းရဲ့ လုပ်ရပ်က အဖြေပေးလိုက်သည်။ ၀မ်ချင်းက ချက်ချင်းရှေ့တိုးလိုက်ပြီး မြေပြင်ပေါ်မှာ အဲ့ပန်းချီကားကိုလှန်ချလိုက်တယ်။ ပြီးတော့ ကြမ်းကြမ်းတမ်းတမ်း ပန်းချီကားကို ခွဲထုတ်လိုက်သည်။ ယွမ်တစ်သန်းလောက်တန်တဲ့ ပန်းချီကားက အခုတော့ တန်ဖိုးမရှိတဲ့ စက္ကူစုတ် ဖြစ်သွားပြီ။

     စုန့်ကျားရန်ရဲ့ နှုတ်ခမ်းစွန်းတွေ တွန့်ချိုး(မဲ့)သွားတယ်။ ဒီလူက ဘယ်လိုတောင်ရူးရူးနှမ်းနှမ်းတွေ တွေးနေတာလဲ ?

     ၀မ်ချင်းက ပန်းချီးကားနောက်က ကျောက်စိမ်းဆွဲသီးကို ထုတ်လိုက်ပြီး ယန်ချန်ကို ကမ်းပေးသည်။ စုန့်ကျားရန် နဲနဲတောင် ဦးနှောက်ခြောက်သွားသည်။

     " ကျောက်စိမ်းဆွဲသီးယူပြီး ထွက်ပြေးတာက ပိုအဆင်မပြေဘူးလား ? ဘာလို့ပန်းချီကားပါ ယူသွားရတာလဲ ? "

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) حيث تعيش القصص. اكتشف الآن