အခန်း ( ၂ ) ပေါင် 200 ရှိသော ၀တုတ်မလေးအဖြစ်သို့ ကူးပြောင်းခြင်း

150 11 0
                                    

    သူ(မ)ကြမ်းပြင်ပေါ်  ပြင်းပြင်းထန်ထန် လဲကျသွားတဲ့အတွက် နာနာကျင်ကျင်နဲ့ အော်မိတယ်။ စုန့်ချူရန်က သူ့(မ)အား အေးစက်စက်အကြည့်ကို ပေးပြီး စုန့်ယိုယိုကိုတော့ သေချာထူပေးကာ နှစ်ယောက်သား ထွက်သွားကြလေတယ်။ သူတို့နှစ်ယောက် ထွက်မသွားကြခင် မျက်နှာနှစ်ဘက်နဲ့ စုန့်ယိုယိုက " ချူရန်ရယ် အဲ့တာက သူ(မ)အမှားမဟုတ်ပါဘူး။ သူ့(မ)ကို အပြစ်မတင်ပါနဲ့နော်။ " ဆိုပြီး ဟန်ဆောင်ပန်ဆောင် သဘောကောင်းပြနေသေးတာကို စုန့်ကျားရန်ကြားလိုက်ရတယ်။

     စုန့်ကျားရန်ကတော့ သူ(မ)ခါးကို ကိုင်ကာ နာနာကျင်ကျင်နဲ့ ညီးညူရင်း မတ်တပ်ထရပ်လိုက်တယ်။

     ပြီးတော့ လေးလံနေတဲ့ သူ(မ)ခန္ဓာကိုယ်ကို သယ်ကာ အခန်းတစ်ဝိုက်ကို စတင်လေ့လာတော့တယ်။ အခန်းတစ်ခန်းလုံးက ပန်းရောင်များနှင့်ဆင်ယင်ထားသော မိန်းကလေးဆန်ဆန် အခန်းတစ်ခု ဖြစ်လို့နေတယ်။ သူ(မ)ဟာ ၀ိဥာဥ်ကူးပြောင်းလာတာ ဖြစ်တယ်ဆိုတဲ့ အချက်ကို လုံး၀လက်ခံလိုက်ပြီးပြီ ဆိုပေမယ့် သူ(မ)ကူးပြောင်းလာတဲ့ မူလခန္ဓာကိုယ်က ဘယ်လိုလူစားမျိုးလဲဆိုတာ သူ(မ) , မသိရသေးဘူး။ ရုတ်တရက်ဆိုသလိုပဲ သူ(မ)ခေါင်းက ထိုးကိုက်လာတယ်။ သူ(မ)က အခုမှ ထရပ်ရုံပဲ ရှိသေးတယ်။ နာကျင်မှုကြောင့် ကြမ်းပြင်ပေါ်လဲကျကာ " ဘုန်း " ဆိုတဲ့ အသံကျယ်ကြီး ထွက်လာတယ်။

     သူ(မ)ကတော့ နာကျင်မှုကြောင့် ခေါင်းကို ကိုင်ကာ ကြမ်းပြင်မှာကွေးကွေးလေးနေ နေရတယ်။ အဲ့ဒီနောက် မူလကိုယ်မိန်းကလေးရဲ့ ဘ၀တိုလေး 1 ခုက သူ(မ)ခေါင်းထဲကို ရုပ်ရှင်ပြရုပ် တစ်ခုအလား ဝင်ရောက်လာလေတယ်။

      သူ(မ)နဲ့ နာမည်ချင်းတူတဲ့ မူလကိုယ်ရဲ့ဘ၀က ကြေကွဲစရာကောင်းလှပေတယ်။ သူ(မ)ဘ၀မှာ လိုချင် တောင်းတခဲ့တဲ့အရာ မှန်သမျှ သူ(မ) , မရရှိခဲ့လေဘူး။

     နာကျင်မှု လျော့ကျသွားချိန်မှာတော့ သူ(မ)ဟာနောက်တစ်ကြိမ် ကြမ်းပြင်ထက်မှာလဲနေခဲ့ပြီး အသက်ပြင်းပြင်းရှူနေရကာ မောဟိုက်နေလေတယ်။ သူ(မ)မြင်ခဲ့ရတာတွေက မူလကိုယ်ရဲ့မှတ်ဉာဏ်တွေပဲ။ ဒီမှတ်ဉာဏ်တွေက ပြတ်တောင်းပြတ်တောင်း ဖြစ်နေပေမယ့်လို့ သူ(မ) ယခုလက်ရှိ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို သိဖို့ရာအတွက်ကို လုံလောက်လေတယ်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now