အခန်း ( ၄၂ ) အရာအားလုံး ငါ မင်းကိုပေးနိုင်တယ်

108 11 0
                                    

     ဒီအချက်ကြောင့် သူ(မ) ဒီလူကို အနည်းငယ် လေးစားသွားသည်။ သူ့ကို သေချာကုသပေးဖို့ သူ(မ)ဆုံးဖြတ်ချက်ချလိုက်သည်။

     " ရှင့်စကား ရှင်တည်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ကျွန်မရှင့်အသက်ကို ကယ်လိုက်တယ်။ ဒါကြောင့် ရှင်က စုန့်မိသားစုရဲ့ ပံ့ပိုးသူဖြစ်ပေးပါ။ "

     သူ(မ)တီးတိုးရွတ်ဖတ်လိုက်သည်။ ဘာမှမရပဲနဲ့တော့ သူ(မ)က သူတို့ကို ကူညီမှာ မဟုတ်ဘူး။

     တင်းတင်းစေ့ထားတဲ့ ယန်ချန်ရဲ့မျက်လုံးတွေ အနည်းငယ်လှုပ်ရှားသွားသည်။ တစ်စုံတစ်ယောက်က သူတို့ရဲ့ ရည်ရွယ်ချက်ကို တဲ့တိုးပြောတာ ဒါပထမဆုံးပဲ။ ဒီအမျိုးသမီးက အရမ်းအတင့်ရဲတာပဲ။

     ပြီးတော့ သူတို့တွေ့ဆုံခဲ့တဲ့ အချိန်အနည်းငယ်ကို ပြန်သတိရသွားတယ်။ ကြည့်ရတာ ဒီအမျိုးသမီးက အကြောက်တရားဆိုတာ ဘာလဲ မသိတဲ့ပုံပဲ။

     သူ့နှုတ်ခမ်းတွေကို ညင်ညင်သာသာ စိလိုက်ပြီး မျက်လုံးကိုဖွင့်ကာ " မင်း ငါ့ကိုကယ်ခဲ့တာပဲ။ မင်းလိုချင်တာ မှန်သမျှ ငါပေးနိုင်တယ်။ "

     စုန့်ကျားရန်က နဲနဲပဲ ပွစိပွစိပြောမိတာပါ။ သူကဒီလို ပြန်ဖြေလာမယ်လို့ သူ(မ) , မထင်လိုက်မိဘူး။ သူ(မ)က ရှက်ရှက်နဲ့ ပြုံးပြလိုက်ကာ ဆေးကုသမှုကို ဆက်လက်လုပ်ဆောင်တယ်။

     စုန့်ကျားရန် ခါးမှာပတ်ထားတဲ့ ခါးပတ်ကို ဆွဲထုတ်လိုက်တော့ သူ့ရဲ့အင်္ကျီတွေက ချက်ချင်းပြေသွားသည်။ ယန်ချန်ရဲ့ဝေခွဲမရဖြစ်နေတဲ့အကြည့်အောက်မှာပဲ သူ(မ)က ခါးပတ်ကို လှန်လိုက်သည်။ အဲ့အထဲမှာ ငွေရောင်အပ်လေးတွေရှိနေတယ်။ ယန်ချန်က သူ့မျက်ခုံးတွေကို အနဲငယ်ပင့်လိုက်သည်။ တစ်စုံတစ်ယောက်က ငွေအပ်လိုမျိုးအရာကို သူတို့ခါးမှာထည့်ထားတာကို သူ ပထမဦးဆုံး မြင်ဖူးတာပဲ။

     ငွေအပ်တွေ သူ့ကိုယ်ထဲ တစ်ခုချင်းစီစိုက်၀င်သွားတဲ့အခါ ယန်ချန်ရဲ့ အသားရောင်က သိသိသာသာ တိုးတက်လာတယ်။ သူကအနည်းငယ် အံ့သြသွားသည်။ သူ(မ)မှာ သူ့ရောဂါကို ကုသပေးနိုင်တဲ့ အစွမ်းအစတွေ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီဟာက ဆေးကျွမ်းကျင်ပညာရှင်တွေတောင် မတတ်နိုင်တဲ့အရာလေ။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now