အခန်း ( ၉ ) မှတ်ဉာဏ်များ

84 8 0
                                    

    ခေါင်းထဲက ထိုးကိုက်လာတဲ့ နာကျင်မှုကြောင့် သူ(မ)ကိုယ်သူ(မ) ကွေးထားလိုက်မိသည်။

     ဒါက အမှန်တကယ် ဖြစ်နေနိုင်တယ်လို့ တွေးမိတာကြောင့် စုန့်ချူရန် မျက်မှောင်ကြုံ့ကာ ရှေ့ကို ခြေလှမ်းဖို့ ပြင်လိုက်ပေမယ့် စုန့်ယိုယိုက ရုတ်တရက် ထအော်လေသည်။ စုန့်ချူရန် သူ(မ)ဘက်ကို လှည့်ပြီး ဘာဖြစ်လို့လဲမေးတော့ စုန့်ယိုယို သူ(မ)ဗိုက်ကို လက်နဲ့အသာအုပ်ကိုင်ကာ " ငါ့ဗိုက်ထဲက နဲနဲနာနေသလို ခံစားရလို့ "

     စုန့်ချူရန် တွေးမနေတော့ပဲ သူ(မ)ဆီကိုချက်ချင်းသွားကာ ချီမလိုက်ပြီး " ငါနင့်ကို ဆေးရုံလိုက်ပို့ပေးမယ် "

     ခြေနှစ်လှမ်းလောက်လှမ်းပြီး ကြမ်းပြင်မှာလဲနေဆဲဖြစ်တဲ့ စုန့်ကျားရန်ကို နောက်ပြန်လှည့်ကြည့်မိသည်။ ခဏတာလောက် တုန့်ဆိုင်းပြီးနောက် စုန့်ယိုယိုကို လက်ထဲချီထားရင်း ထွက်သွားလေသည်။

     စုန့်ကျားရန်ရဲ့ အမြင်တွေဟာ ဝေဝါးနေတယ်။ သူ(မ) သတိမမေ့မြောခင် နောက်ဆုံးမြင်လိုက်တဲ့အရာက ထွက်သွားတဲ့ စုန့်ချူရန်ရဲ့ကျောပြင်နဲ့ စုန့်ယိုယိုရဲ့ အောင်နိုင်သူအပြုံးပဲ။

     စုန့်မေ့ယွီ အိမ်ပြန်ရောက်တော့ စုန့်ကျားရန်ရဲ့အခန်းတံခါးဟာပွင့်နေပြီး ကြမ်းပြင်ပေါ်မှာ မေ့လဲနေတဲ့ ကျားရန်ကို တွေ့လိုက်ရသည်။ စုန့်မေ့ယွီအလန့်တကြားနဲ့ အော်ငိုလေပြီး သူ(မ)သမီးကိုဆေးရုံပို့ဖို့ရာ ဆေးရုံကားကို အမြန်ခေါ်တယ်။

     စုန့်ကျားရန်မျက်နှာမှာ ချွေးစေးတွေ ထွက်ရင်း ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းကာ ပါးစပ်ကလဲ တတွတ်တွတ်ရွတ်နေတယ်။

     " ငါ့မောင်လေးကို နာကျင်အောင်မလုပ်ကြနဲ့ "

     ဒီစကားလုံးတွေက သူ(မ)ခေါင်းထဲမှာ ပဲ့တင်ထပ်နေသည်။ သူ(မ)အမြင်တွေ ဝေဝါးလာပြီး အနီးနားက ပုံရိပ်တွေကလဲ ပြောင်းသွားသည်။ သူ(မ)အနက်ရောင်အခန်းတစ်ခုကို တွေ့လိုက်ပြီး အထဲမှာ ကလေးနှစ်ယောက် ထိုင်နေတယ်။ မဟုတ်ဘူး။ အဖမ်းခံထားရတယ်လို့ ပြောရင်ပိုမှန်လိမ့်မည်။ ဒါက ပြန်ပေးဆွဲထားတယ်ဆိုတာ အသိသာချည်းပဲ။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Où les histoires vivent. Découvrez maintenant