အခန်း ( ၅၀ ) ရင်သက်ရှုမောဖွယ်ရာ

139 14 0
                                    

     ငါက စုန့်ကျားရန်လေ

     ဒီစကားက စုန့်ယိုယိုကို သူ့(မ)မျက်နှာပေါ်ကအပြုံး ဆက်ထိန်းမထားနိုင်အောင် လုပ်လိုက်နိုင်တယ်။ သူ(မ)က ဒီမိန်းမလှလေးကို တအံတသြနဲ့ ကြည့်လိုက်မိတယ်။ သူ(မ)က စုန့်ကျားရန်တဲ့လား ?

     " နင်က စုန့်ကျားရန် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? "

     ဒီစာကြောင်းက အနားမှာ ရှိနေတဲ့လူ အကုန်လုံးကို ထိတ်လန့်သွားစေတယ်။

     စုန့်ကျားရန် ........ သူ(မ)က ကျောင်းကို သိပ်မလာတာတောင်မှ စုန့်ယိုယိုကြောင့် ကျောင်းမှာ သူ(မ)က နာမည်ကြီးပဲ။ ရုပ်ဆိုးတယ်၊ ၀တယ်၊ တုံးအတယ်၊ ရမ်းကားတယ်ဆိုတဲ့ အသုံးနှုန်းတွေက သူ(မ)ရဲ့ အနက်အဓိပ္ပာယ်တွေပဲ။ သူ(မ)ရဲ့ပုံတွေဟာ ကျောင်းရဲ့ ရုပ်အဆိုးဆုံး မိန်းကလေးများ စာရင်းမှာ ထိပ်ဆုံးက ရှိနေတယ်။ အခုတော့ စုန့်ယိုယိုက သူတို့ကို ဒီလှပတဲ့ အမျိုးသမီးလေးက စုန့်ကျားရန်လို့ ပြောနေတာလား ? ဒါက ဟာသလား ?

     စုန့်ကျားရန်က ဘေးတစ်ဝိုက်ကို လှည့်ကြည့်လိုက်ပြီး ပြုံးလိုက်တယ်။ သူ(မ)က စုန့်ယိုယိုနားကို သွားလိုက်ပြီး " ဘာလို့လဲ ? နင် ငါ့ကိုတွေ့လိုက်ရလို့ အံ့သြသွားတာလား ? "

     စုန့်ယိုယိုက ရုတ်တရက် ခြေတစ်လှမ်းဆုတ်လိုက်မိတယ်။ သူ(မ)ရဲ့ မျက်၀န်းတွေထဲမှာ မနာလိုမှုတွေနဲ့ အမုန်းတရားတွေ ပြည့်နေတယ်။ ဒီအချိန်မှာတော့ သူ(မ)ရဲ့ ဟန်ဆောင်ထားတာတွေကလဲ အသုံးမ၀င်တော့ဘူး။ သူ(မ)က ယုံလဲ မယုံရဲသလို၊ ယုံလဲ မယုံကြည်ချင်ဘူး။ ဘာလို့ စုန့်ကျားရန်က အရမ်းလှလာရတာလဲ ? ဘာလို့လဲ ?

     စုန့်ချူးရန်ကလဲ စုန့်ယိုယိုကို မျက်မှောင်ကြုတ်ပြီးကြည့်လိုက်သည်။ သူ(မ)မျက်လုံးထဲက အမုန်းတရားတွေက သူ့ကို ထိတ်လန့်သွားစေတယ်။ ပထမဆုံးအကြိမ်အဖြစ် စုန့်ယိုယိုက သူထင်နေသလို ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့တဲ့သူ မဟုတ်ဘူး ဆိုတာကို သိလာရတယ်။

    စုန့်ယိုယိုက စုန့်ချူးရန်ရဲ့ မျက်လုံးထဲက အကြည့်တွေကို မြင်လိုက်ရတဲ့အခါ သူ(မ)မှာ မရှိသင့်တဲ့ ခံစားချက်တွေကို ဖယ်လိုက်ပေမယ့် သူ(မ)က အတင်းပြုံးနေရတယ်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now