အခန်း ( ၃၁ ) ဆုံးဖြတ်ချက်

81 10 0
                                    

     ၀မ်ယောင်ထျန်က ကျားရန်ကို ဖြတ်တိုက်သွားတာကို မြင်တဲ့အခါ စုန့်မေ့ယွီက မြန်မြန်ပဲ သူ့(မ)မျက်လုံးထောင့်ကို (မျက်ရည်စ)ပွတ်ကာ " ကျားရန် သမီးအများကြီးလျှောက်မတွေးပါနဲ့။ သမီးအဖေကလေ သူကလေ....အရေးကြီးကိစ္စရှိနေလို့ပါ အာ့ကြောင့် .... "

     သူ(မ)က စုန့်ကျားရန်ကို သူ(မ)အဖေရဲ့အေးစက်စက် အပြုမူတွေကြောင့် စိတ်မထိခိုက်စေချင်ဘူး။ ဒါပေမယ့်လဲ ဖြေရှင်းချက်ပေးဖို့ ဆင်ခြေလဲ ရှာမတွေ့ပြန်ဘူး။ ဘယ်လိုအဖေမျိုးက ကိုယ့်ရဲ့သမီးကို ဒီလိုဆက်ဆံမှာလဲ ?

     စုန့်ကျားရန်က သူ့(မ)ကိုကူပြီး ဆိုဖာဆီကိုခေါ်လာလိုက်သည်။

     " မေမေ သမီး အကုန်သိပြီးပါပြီ "

     စုန့်မေ့ယွီ အသက်အောင့်လိုက်မိပြီး သူ(မ)သမီးရဲ့ပါးလေးကို ချစ်မြတ်နိုးစွာ ပွတ်လိုက်ရင်း သူ့(မ)ကို ဘယ်လိုနှစ်သိမ့်ပေးရမှန်း မသိတော့ဘူး။

     စုန့်ကျားရန်က ချစ်မြတ်နိုးမှုတွေနဲ့ပြည့်နေတဲ့ မျက်၀န်းတွေနဲ့ ပြုံးပြလိုက်ရင်း " သမီးမှာ အမေရှိနေရုံနဲ့တင် လုံလောက်နေပါပြီ "

     စုန့်မေ့ယွီနှလုံးသားထဲမှာ ကျေနပ်နှစ်သက်မှုတွေ ပေါ်ပေါက်လာသလို စဥ်စားဆင်ခြင်တတ်တဲ့ သူ(မ)ရဲ့သမီးလေးဟာ နာကျင်ခံစားရပေါင်းများပြီလို့လဲ ခံစားလိုက်ရတယ်။ သူ့(မ)ကို အချစ်တွေပိုပေးဖို့ စိတ်ဆုံးဖြတ်ချက်ချလိုက်သည်။

     စုန့်မေ့ယွီစိတ်ထဲမှာ ဘာတွေတွေးတောနေလဲဆိုတာ စုန့်ကျားရန် မသိပါဘူး။ သူ(မ)အမေမျက်လုံးထောင့်က အရေးကြောင်းတွေကို ကြည့်ရင်း သူ(မ)ခဏတာလောက် တွေးတောကာ ပြောလိုက်သည်။

     " အမေ ၀မ်ယောင်ထျန်က စုန့်ယိုယိုကို ဘာလို့ကောင်းကောင်းမွန်မွန် ဆက်ဆံနေလဲဆိုတာကို သိလား ? "

     စုန့်မေ့ယွီက သူ(မ)ပြောတာကို ပြန်ပြင်ပေးချင်သည်။ ၀မ်ယောင်ထျန်ဘက်က အမှားဆိုပေမယ့်လဲ သူက သူ(မ)ရဲ့အဖေဖြစ်နေတုန်းပဲလေ။

     သူ(မ) ပြန်မပြောရသေးခင်မှာပဲ ကျားရန်ရဲ့နောက်စကားတစ်ခွန်းကြောင့် သူ(မ)ကြက်သေသေသွားသည်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now