အခန်း ( ၄၄ ) အမဲစက်တွေကို ကုသခြင်း

91 11 0
                                    

    ယန်ချန်က စာကြည့်ခန်းထဲကို ပြန်လာပြီးတော့ သူ့လက်ချောင်းတွေကို ညင်ညင်သာသာနဲ့ ပွတ်ကြည့်နေတယ်။ သူကြည့်ရတာ ခုနကအထိတွေ့ကို ပြန်မြင်ယောင်နေတဲ့ပုံပဲ။ သူ့မျက်နှာမှာ အပြုံးလေးတစ်ပွင့်နဲ့ မျက်၀န်းတွေထဲမှာတော့ စိတ်ဆုံးဖြတ်ချက်ချထားတဲ့ အကြည့်တွေ ရှိနေတယ်။

     စုန့်ကျားရန် အရင်က ပြင်ဆင်ထားတဲ့ ဆေးပင်တွေကို မြန်မြန်ထုတ်လိုက်သည်။ ဆေးပင်တွေကို အမှုန့်တွေဖြစ်အောင် ပြုလုပ်ထားပြီး ခွက်အသေးလေးထဲမှာ ထည့်ထားတယ်။ သူ(မ) အသက်ပြင်းပြင်းရှူလိုက်ပြီး သူ(မ)မျက်နှာပေါ်က အမဲစက်တွေရှိတဲ့နေရာကို ဓားအသေးလေးသုံးပြီး အနာဖြစ်အောင် လှီးဖြတ်လိုက်သည်။ သွေးအနက်ရောင်တွေထွက်လာတဲ့အခါ နာကျင်မှုကို ကြိတ်မှိတ်ခံကာ အနာပေါ်ကို ဆေးမှုန့်တွေသိပ်လိုက်သည်။

     အနာနဲ့ဆေးမှုန့်ထိမိတဲ့အခါ အလန့်တကြားနဲ့ ပင့်သက်ရှိုက်လိုက်မိတယ်။ ဒါပေမယ့် ယန်ချန်ရဲ့ကိုယ်ထဲက အဆိပ်အကြောင်းတွေးမိလိုက်တဲ့အခါ ဒါကဘာမှမဟုတ်ပါလားဆိုပြီး ခံစားမိသွားတယ်။ နာကျင်တဲ့ဒဏ်ကို သည်းခံကာ ဆေးတွေကို လိမ်းလိုက်သည်။ ပြီးတော့ မံမီတစ်ကောင်လို သူ(မ)ခေါင်းကို ပတ်တီးတွေနဲ့ပတ်လိုက်သည်။

     စုန့်ကျားရန် မှန်ထဲကို ကြည့်လိုက်သည်။ သုံးရက်ကြာရင်တော့ သူ(မ)ပတ်တီးဖြေလို့ရပြီ။ အဲ့ဒီအခါကြရင် သူ(မ)ကိုယ်ထဲက အဆိပ်တွေကို လုံး၀ကုသပြီးသား ဖြစ်သွားမှာ။

     ရုတ်တရက် သူ(မ)ရဲ့ ဖုန်းကထမြည်လာတယ်။ messageကို ဖွင့်ကြည့်လိုက်တဲ့အခါ အဲ့တာက အတွင်းရေးမှူး၀မ်ဆီကဆိုတာ သိလိုက်ရတယ်။ အတွင်းရေးမှူး၀မ်က စုန့်ကော်ပိုရေးရှင်းအခြေနေကို စောင့်ကြည့်ဖို့ ယခင်တုန်းက သူ့(မ)ကိုဆက်သွယ်ခဲ့ဘူးတဲ့သူပဲ။

     အတွင်းရေးမှူး၀မ်ရဲ့စာက သူ့(မ)ကို မျက်မှောင်ကြုတ်သွားစေတယ်။ သူ(မ)မျက်နှာပေါ်က ပတ်တီးတွေကို လျစ်လျူရှုပြီး မြန်မြန်ထကာ အခန်းထဲကနေ ပြေးထွက်လိုက်သည်။ သူ(မ) ၀မ်ချင်းကို တွေ့တဲ့အခါ " စုန့်မိသားစုမှာ တစ်ခုခုဖြစ်နေပြီ ကျွန်မသွားမှဖြစ်မယ် "

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Nơi câu chuyện tồn tại. Hãy khám phá bây giờ