အခန်း ( ၁၈ ) ငါ သေချာပေါက် မလုပ်ဘူး

82 9 0
                                    

     စုန့်ကျားရန်က လှောင်ပြီး ရယ်လေသည်။

     " ဒါဆိုဘာလို့ အပြင်မှာ သူနဲ့အရမ်းတွေ လက်ပွန်းတသီးနေရတာလဲ ? သူက နင့်ခဲအိုဆိုတာ သိတယ်မလား ? "

     စုန့်ကျားရန်မေးခွန်းကြောင့် စုန့်ယိုယို မျက်နှာ ဖြူစုတ်သွားသည်။ သူ(မ)က စုန့်မေ့ယွီကို အလျှင်မြန် လှည့်ကြည့်လိုက်တော့ စုန့်မေ့ယွီရဲ့ အေးစက်လှတဲ့အကြည့်စူးစူးနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ သူ(မ) မျက်နှာကြီးက ပိုပြီးကြည့်ရဆိုးသွားလေသည်။ သူ(မ)က ရှင်းပြဖို့လုပ်ပေမယ့် စုန့်ကျားရန်က ဖြတ်ပြောလေတယ်။

     " ကောင်းပါပြီ။ ငါက နင့်ကို စ နေတာပါ။ ငါ သေချာပေါက် စေ့စပ်ထားတာကို ဖျက်သိမ်းမှာပါ။ "

     ဒါပေမယ့် စုန့်ယိုယိုက ခုဏကလောက် ပျော်နေပုံ မပေါက်တော့ဘူး။ သူ(မ)က ခေါင်းကိုငုံထားပြီးတော့ သူ(မ)မျက်နှာအမူရာကို သေချာ မမြင်ရဘူး။

     စုန့်မေ့ယွီကလဲ စုန့်ကျားရန် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာကို သိလိုက်တယ်။ ကျားရန်ကခေါင်းယမ်းလိုက်ပေမယ့် သူ(မ)မျက်လုံးတွေက အပြစ်ရှိတဲ့ပုံမပေါ်ဘူး။ အခုတလော သူ(မ)လဲ စုန့်ယိုယိုနဲ့ပတ်သတ်ပြီး ထူးဆန်းတာတွေကို သတိထားမိလာပြီး တဖြေးဖြေးနဲ့ သံသယ၀င်လာတယ်။

     စုန့်မေ့ယွီက သူ့(မ)ကို အပြစ်မတင်တဲ့အတွက် ဒီအတောတွင်းမှာ သူ(မ) လုပ်ခဲ့တာတွေက အောင်မြင်တယ်ဆိုတာ သိလိုက်ရတယ်။ စုန့်မေယွီက စုန့်ယိုယိုကို သံသယ၀င်နေပြီလေ။ ဒါပေမယ့် သူ(မ)အခုသတိထားမိတာက စုန့်အိမ်တော်မှာအန္တရာယ်အရှိဆုံးလူက ၀မ်ယောင်ထျန်ပဲ။

     စုံစမ်းဖို့လိုနေတဲ့ ကိစ္စတစ်ခု ရှိနေသေးတယ်။ ၀မ်ယောင်ထျန်နဲ့ စုန့်ယိုယိုတို့ နှစ်ယောက်ပေါင်းပြီး တစ်ခုခုကို ကြံစည်နေကြတယ်။ စုန့်ချူးရန်ကတော့ လူတွေရဲ့အတွင်းစိတ်ကို မမြင်တဲ့ အရူးတစ်ယောက်သာသာပဲ။

     စုန့်ချူးရန်က ဘေးမှာပဲ ငြိမ်ငြိမ်လေးနေ နေတယ်။ စုန့်ကျားရန်ရဲ့မျက်၀န်းထဲက အလင်းရောင်က သူ့ကို မှင်သက်သွားစေတယ်။ စုန့်ကျားရန် ငယ်ငယ်တုန်းက ဘယ်လိုမျိုးလဲဆိုတာကို သူ မမှတ်မိတော့ဘူး။ ဒါပေမယ့် သူ(မ)ကအရင်တုန်းက သူရဲ့အချစ်ဆုံးအစ်မဆိုတာကိုတော့ မှတ်မိတယ်။ သူ(မ)က သူအလေးစားရဆုံးသူပဲ။ ဘယ်အချိန်ကစပြီး အရာအားလုံး ပြောင်းလဲသွားတာလဲ ?

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now