အခန်း ( ၆ ) ဆေးထွက်၀ယ်ခြင်း

99 8 0
                                    

     စုန့်ယိုယိုက သူ့(မ)ကို သတ်ဖို့လုပ်တဲ့အကြောင်း သူ(မ)အမေကို သွားပြောရင်တောင် သူ့(မ)ကို ဘယ်လိုမှ ယုံမှာမဟုတ်ဘူး။

     စုန့်ကျားရန် သူ(မ)အခန်းဆီပြန်လာတော့ စားပွဲပေါ်မှာ ပုလင်းအသေးလေးတစ်ခု ရှိနေတယ်။ အဲ့တာက မနေ့က စုန့်ယိုယို လက်ထဲမှာ ကိုင်ထားတဲ့ ပုလင်းပဲ။

     ပုလင်းက အကြည်လေးဖြစ်ပြီး အထဲမှာအပြာနုရောင် အရည်လေးရှိတယ်။ သူ(မ)ဖြန်းကြည့်လိုက်တော့ သစ်ခွပန်းရနံ့ သင်းသင်းလေးရတယ်။ ဒါပေမယ့် မနေ့ကလိုမျိုး မူးဝေတာမျိုးတော့ မရှိတော့ဘူး။ သာမန်ရေမွှေးလေးအတိုင်းပဲ။

     ဒါပေမယ့် မနေ့ကရတဲ့ ခေါင်းမူးနေမှုက အခုထိ အနည်းငယ် ခံစားနေရတုန်း ဒါကြောင့် ဒါက ထင်ယောင်ထင်မှားဖြစ်တာ လုံး၀မဖြစ်နိုင်ဘူး။ သူ(မ)ဒီအရာကို သေချာလေ့လာဖို့ရာ ပစ္စည်းကိရိယာ အချို့လိုအပ်တယ်။

     သူ(မ)ငယ်စဥ်ထဲက အနံ့ရယုံနဲ့တင် ဘာဆေးဘက်၀င် ပစ္စည်းတွေ ပါသလဲဆိုတာ ခွဲခြားသိနိုင်တယ်။ ဒီလိုမသိတာ ဖြစ်တာမျိုးကတော့ ဒါပထမဆုံးအကြိမ်ပဲ။ သူ(မ) ဒီလိုအခက်ခဲမျိုးနဲ့ မကြုံရတာကြာပြီ ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမှုနဲ့ သွေးတွေတောင် ဆူပွက်လာတယ်။ သူ(မ) ဒီလိုအခက်ခဲတွေ ရင်ဆိုင်ရတာကို သဘောကျတယ်။ အထူးသဖြင့် ဆေးနဲ့ပက်သက်တဲ့ ပဟေဠိမျိုးဆိုရင်ပေါ့။

     ပြီးတော့ သူ(မ)ကိုယ်ထဲမှာ ရှိနေတဲ့ အဆိပ်ကဘာလဲဆိုတာ စစ်ဆေးဖို့အတွက် ဆေးကိရိယာတွေကို လိုအပ်နေသေးတယ်လေ။

     သူ(မ)လိုအပ်တာတွေ အကုန်ချရေးပြီး ထထွက်လာတယ် သူ(မ)အိတ်ထဲမှာတော့ ဖုန့်နဲ့ပိုက်ဆံအိတ်သာပါတယ်။ သူ(မ) , မထွက်ခင်မှာ စုန့်မေ့ယွီက သတိထားရမယ့် အချက်တွေကို တတွတ်တွတ် မှာနေတဲ့အတွက် သူ(မ)ပြုံးလိုက်မိတယ်။ သူ(မ) မိသားစု ချစ်ခြင်းမေတ္တာရဲ့ အရသာကို အလွန်သဘောတွေ့လာမိတယ်။ ဒီအရာက သူ(မ)အရင်ဘ၀က မရရှိတဲ့အရာလေ။

     အရင်ဘ၀တုန်းက သူ(မ)ဆရာက သူ(မ)ငယ်စဥ်ထဲက မွေးစားခဲ့တယ်။ သူက သူ့(မ)ကို ဆေးအကြောင်းတွေ အကုန်သင်ပေးပြီး သူ့(မ)ကို သူ့ရဲ့ဆက်ခံမယ့်သူအဖြစ် ပျိုးထောင်ပေးခဲ့တယ်။ သူ(မ) , သူ့(မ)ဆရာကို အခုချိန်ထိကျေးဇူးတင်မိတုန်းပဲ သူသာမရှိခဲ့ရင် သူ(မ)က သေနေလောက်ပြီလေ။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now