အခန်း ( ၃၅ ) သူတစ်ယောက်ထဲကိုပဲ နားထောင်စေချင်တာ

104 11 0
                                    

     စုန့်ယိုယိုရဲ့ နာကျင်လို့ အော်တဲ့အသံကို ကြားလို့ စုန့်ချူးရန် လှည့်ကြည့်လိုက်တဲ့အခါ သူ(မ)လက်ချောင်းက သွေးတွေထွက်နေတာကို တွေ့လိုက်ရတယ်။

     မျက်မှောက်ကြုတ်လိုက်ပြီး ကုတင်ပေါ်ကနေဆင်းကာ ကုတင်ဘေးက ဆေးသေတ္တာကိုယူလိုက်သည်။ သူ(မ)လက်ထဲက ပန်းသီးကိုဆွဲယူလိုက်ပြီး တစ်ခြားလက်တစ်ဖက်နဲ့ ဆေးသေတ္တာကိုဖွင့်ကာ သူ(မ)ရဲ့ဒဏ်ရာကို ဆေးစည်းပေးဖို့လုပ်သည်။

     " ဘာအကြောင်းမှ မရှိပဲ ဘာလို့ပန်းသီးတွေ ထခွာနေတာလဲ ? နင် စားချင်တယ်ဆိုရင် ငါ တစ်ခြားတစ်ယောက်ကို နင့်အတွက် ခွာခိုင်းမှာပေါ့။ "

     စုန့်ယိုယိုက " ငါက နင့်အတွက် ခွာပေးချင်လို့ပါဟ "

     စုန့်ချူးရန်က သူလုပ်လက်စကို ရပ်လိုက်သည်။ သူ(မ)ရဲ့ ကြင်နာတဲ့ မျက်နှာပေါ်မှာ စိုးရိမ်မှုတွေ တွေ့လိုက်ရတဲ့အခါ သူ့ရဲ့နှလုံးသားလေး နွေးထွေးသွားရသည်။

     " ငါ အဲ့ဒါကို မစားချင်ပါဘူး။ ဒီရက်တွေအတွင်း ရေမကိုင်မိအောင် သတိထားနော်။ "

     စုန့်ယိုယိုက ခေါင်းငြိမ့်လိုက်ပြီး " ချူးရန် နောက် 2 ရက်နေရင် သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲတစ်ခုရှိတယ်။ သူတို့အကုန်လုံးက ရည်းစားကိုယ်စီနဲ့ ငါ နင့်ကို ငါနဲ့အတူ လိုက်ခဲ့စေချင်တယ်။ အဆင်ပြေရဲ့လား ? "

     စုန့်ချူးရန်က ခေါင်းတောင်မဖော်ပါပဲ ခေါင်းညိမ့်ပြလာသည်။

     " ကောင်းပြီလေ "

     သူ သဘောတူတာကိုတွေ့တဲ့အခါ စုန့်ယိုယိုရဲ့ မျက်လုံးတွေထဲက စိတ်လှုပ်ရှားတာတွေ ပျောက်ကုန်တယ်။ သူ(မ)က ပြုံးပြပြီးတော့ " ဒါဆို ငါ နင့်ကို လှမ်းခေါ်လိုက်မယ်နော် "

     စုန့်ချူးရန်က သူ(မ)ခေါင်းလေးကို အသာပွတ်လိုက်ပြီး " စိတ်မပူပါနဲ့ အဲ့အချိန်ကျရင် ငါ နင့်ကို အရှက်မခွဲပါဘူးဟ "

     " ဒါပေါ့ နင်ကအရမ်းချောတော့ အကုန်လုံးကို အံ့အားသင့်သွားအောင် လုပ်နိုင်မှာလေ "

     စုန့်ချူးရန် ပြုံးလိုက်ပြီး ရင်ထဲက မကျေမချမ်းဖြစ်နေတာတွေကလဲ ပျောက်ကုန်သည်။ သူက စုန့်ယိုယိုကို အရမ်းချစ်မြတ်နိုးတဲ့ အကြည့်တွေနဲ့ကြည့်လိုက်ပြီး " ယိုယို ငယ်ငယ်တုန်းက နင် ငါ့ကို ကယ်လိုက်တဲ့နေ့ထဲကစပြီး နင့်ကိုကောင်းကောင်းဆက်ဆံပါ့မယ်လို့ ငါကျိန်ဆိုခဲ့တာ "

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now