အခန်း ( ၅ ) ပထမဆုံးအကြိမ် ခံပြင်းရခြင်း

125 11 0
                                    

     ဒီလိုဖြစ်လာမယ်မှန်း မထင်ထားမိတဲ့အတွက် စုန့်ကျားရန်တစ်ယောက် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားလေတယ်။ ဒါပေမယ့် စုန့်ချူးရန်တစ်ယောက် ဒေါသတကြီးနဲ့ မြေပြင်ပေါ်လဲနေတာကို တွေ့လိုက်ချိန်မှာတော့ မျက်နှာသေနဲ့နေတဲ့အချိန်ထက် အခုပုံစံက ပိုကြည့်ကောင်းတယ်လို့တောင် တွေးလိုက်မိတယ်။

     သူ(မ) အားနာပါးနာပြုံးပြပြီး ထလိုက်ပေမယ့် သူ့ကို သူ(မ)ရဲ့လေးလံတဲ့ကိုယ်နဲ့ ထပ်ဖိမိပြန်တယ်။

     သူ(မ)တကယ်ကို ထဖို့ကြိုးစားနေတာပါ။ ဒါပေမယ့် သူ(မ)ရဲ့ အားအင်တွေကို ပြေးတုန်းက အကုန်သုံးလိုက်ရတဲ့အတွက် ထဖို့လုပ်တိုင်းမှာပြန်ပြုတ်ကျကာ စုန့်ချူရန်ကို အကြိမ်ကြိမ်တက်ဖိမိလေတယ်။ စုန့်ချူရန်ကတော့ နာကျင်မှုကြောင့် ငြီးငြူနေရတယ်။

     မခံနိုင်တဲ့အဆုံးမှာတော့ သုန်မှုန်နေတဲ့မျက်နှာကြီးနဲ့ သူ့(မ)ကို မကာ ဘေးဘက်ကို တွန်းချလိုက်တာကြောင့် စုန့်ကျားရန် ချက်ချင်းပဲ မြေပေါ်လူးလိမ့်သွားရတယ်။

     " နင်က ဘာကောင်းကျိုးမှ မပေးဘူးဆိုတာ ငါသိနေတယ် " လို့ စုန့်ချူရန် ဒေါသတကြီးပြောတော့ စုန့်ကျားရန်ကလဲ " နင်ကကျတော့ရော ငါလဲကျတာ မြင်တာတောင် မထူပေးဘူးလေ နင်က ဘယ်လိုမောင်မျိုးလဲ ? " လို့ ပြန်ခံပြောတယ်။

     စုန့်ချူရန်ရဲ့ မျက်နှာကြီးက ပိုပြီးသုန်မှုန်လာကာ  သူ(မ) , မဖတ်နိုင်တဲ့ မျက်နှာအမူရာကြီးနဲ့ သူ့(မ)ကို စိုက်ကြည့်နေတယ်။ နောက်ဆုံးမှာတော့ ဘာစကားတစ်ခွန်းမှမဆိုပဲ နှာတစ်ချက်မှုတ်ကာ ထွက်သွားလေတော့တယ်။

     စုန့်ကျားရန် အသာဆဲကာ အိမ်ထဲကို ရင်ထဲတင်းကြပ်ကြပ် ခံစားချက်ကြီးနဲ့ ပြန်ဝင်လာတယ်။ ဒီခန္ဓာကိုယ် သူ(မ)ထင်ထားတာထပ်ကို အခက်တွေ့ ပြီး အနှောင့်ယှက်ဖြစ်နေတာပဲ။ သူ(မ)က ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးလုပ်ဖို့ရာတောင် အားမရှိရှာဘူး။ ကြည့်ရတာ ဝိတ်ချဖို့ တခြားနည်းရှာမှ ဖြစ်တော့မယ်။

     သူ(မ)အိမ်ထဲကို ၀င်လာတော့ စုန့်ချူရန်က သူ(မ)စားပွဲဆီ လျှောက်လာတာကို မြင်မြင်ချင်း  စားလက်စပေါင်မုန့်ကို အတင်းမြိုချကာ ထထွက်သွားတော့တယ်။ သူ(မ)ကတော့ သူ(မ)မောင်ကိုစိတ်ကောက်ဖို့ရာတောင် အားအင်မကျန်တော့ဘူး။ သူ(မ)ဗိုက်က တဂွီဂွီမြည်နေတဲ့အတွက် မနက်စာသာ ကုန်းစားတော့တယ်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now