အခန်း ( ၅၁ ) ကျောက်စိမ်းပြားကို ဘယ်သူခွဲလိုက်တာလဲ ?

86 10 0
                                    

     အမှောင်ထဲမှာ ပုန်းနေတဲ့ စုန့်ယိုယိုက အရာအားလုံးကို တွေ့လိုက်တယ်။ ဘယ်သူမှ မမြင်နိုင်တဲ့ချောင်မှာနေရင်း သူ(မ)ရဲ့ မျက်နှာဟာ မဲ့ရွဲ့ကာ သူ(မ)မျက်လုံးထဲက အမုန်းတရားတွေက သိသိသာသာပေါ်လွင်နေပြီး စုန့်ကျားရန်ရဲ့ ကိုယ်ကို ဖောက်ထွင်းမတတ်ပဲ။

     ခန်းမက ရုတ်တရက်ကြီး မှောင်ကျသွားတော့ ကျောင်းသားတွေက စတင်ပြီး အော်ဟစ်လာကြသည်။ ဘာဖြစ်သွားမှန်း သူတို့လဲ မသိကြဘူး။ ခဏအကြာမှာတော့ မီးတွေ ပြန်လင်းလာတယ်။

     " အမယ်လေး ငါတို့ကျောင်းရဲ့ ကျောက်စိမ်းကမ္ပည်းတိုင်ကြီး ကျိုးသွားပြီ " ဆိုတဲ့ အော်သံက တစ်နေရာကနေ ထွက်ပေါ်လာသည်။

     လူတိုင်းက လှည့်ကြည့်လိုက်ကြသည်။ မှန်ဗီဒိုထဲက ကျောက်စိမ်းကမ္ပည်းတိုင်က အောက်ပြုတ်ကျနေပြီး အဲ့တာနဲ့ အနီးဆုံးမှာ ရှိနေတဲ့သူကတော့ စုန့်ကျားရန်ပဲ။

     ဖွင့်ထားတဲ့ မှန်ဗီဒိုရှေ့မှာ စုန့်ကျားရန်က ရပ်နေသည်။ သူ(မ)ရဲ့ ခြေထောက်ဘေးမှာတော့ ကျောက်စိမ်းပြား အပိုင်းအစတွေကျနေတယ်။ ဒီကျောက်စိမ်းပြားက ကျောင်းရဲ့ အမှတ်သင်္ကေတပဲ။ ပြီးတော့ အဲ့ဒါက အရမ်းအရေးပါတဲ့ ပစ္စည်းတစ်ခု။ ဒီနေ့ပဲ အဲ့ဒီပစ္စည်းကို ကျောင်းသားသမဂ္ဂဥက္ကဠက ငှားလာခဲ့တာ။ ဒါပေမယ့် မထင်မှတ်စွာပဲ အဲ့တာက ကွဲကြေသွားပြီ။

     ကျောင်းသားသမဂ္ဂဥက္ကဠ ချောင်ကျင်းက အမျိုးသားကောင်းလေးတစ်ယောက်ပါ။ ကျောက်စိမ်းပြားကို ငှားရမ်းတဲ့လူက သူဖြစ်နေတဲ့အတွက် သူကြောက်လန့်သွားသည်။ ပြဿနာတစ်စုံတစ်ရာဖြစ်ရင် အရင်ဆုံးအပြစ်ပေးခံရမယ့်လူက သူလေ။ သူ ဘာလုပ်သင့်လဲ။ သူဒါကို ပြန်မလျော်နိုင်ဘူးလေ။

    လူတွေအားလုံးက ဝိုင်းအုံလာကြသည်။ အလယ်မှာတော့ စုန့်ကျားရန်နဲ့ ကွဲကြေနေတဲ့ ကျောက်စိမ်းပြားကြီး ရှိနေတယ်။

     စုန့်ယိုယိုက မျက်နှာမှာ အောင်ပွဲခံအပြုံးချိတ်ဆွဲကာ အမှောင်ရိပ်ထဲကနေ ထွက်လာသည်။

     " အခုလေးတင် အနားမှာရှိနေတဲ့ တစ်ဦးတည်းသောသူက အစ်မပဲ။ အစ်မ ကျောက်စိမ်းကို ခွဲလိုက်တာလား ? အဆင်ပြေပါတယ်။ အစ်မရဲ့အမှားကို အစ်မ၀န်ခံသ၍ ကျောင်းက အစ်မကို ခွင့်လွှတ်ကြမှာပါ။ တကယ်တော့ အစ်မက သတိမမူမိဖြစ်သွားတာပဲဟာ။ "

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now