အခန်း ( ၁၇ ) စေ့စပ်ထားတာကို ဖျက်သိမ်းချင်တယ်

103 9 0
                                    

     သူ(မ)ကိုယ်သူ(မ) ကြည့်ဖို့ရာ မှန်ရှိရာနေရာကိုလျှောက်သွားလိုက်သည်။ သူ(မ)ရဲ့ ၀င်းပနေတဲ့အသားအရေကို မှန်ကနေကြည့်ရင်း သူ(မ)စိတ်တိုင်းကျသွားတယ်။

     သူ(မ)အရင်အတိုင်း ' ၀ ' နေဆဲပဲ မေးနှစ်ထပ်ကိုမှ သုံးရစ်နဲ့ဖြစ်နေတာက မျက်လုံးကို ဖမ်းစားထားလေတယ်။ မျက်လုံးအဖမ်းစားဆုံးအရာကတော့ မျက်နှာတစ်ခုလုံးနီးပါး ဖုံးထားတဲ့ အမဲကွက်ကြီးပဲ။ ဘာတစ်ခုမှ ပြောင်းလဲသွားတာ မရှိပေမယ့်လို့ သူ(မ)က အရင်နဲ့မတူဘူး။

     ဒါကဆေးမြစ်စုံချိုးရေရဲ့ အစွမ်းကြောင့်ဆိုတာ သူ(မ)သိသည်။ မနေ့က ပထမဆုံးအသုံးပြုတာဆိုတော့ အဆိပ်တောက်တွေ တော်တော်ထွက်သွားလေသည်။ နောက်တစ်ကြိမ်ဆိုရင်တော့ ဒီလောက်အကျိုးသက်ရောက်မှု မရှိလောက်တော့ဘူး။

     " ဘာမှပြောင်းလဲသွားတာ မရှိပါဘူး။ ကြည့်ရတာ မနေ့က ကောင်းကောင်းအနားယူလိုက်လို့ဖြစ်မယ်။ "

     စုန့်ယိုယိုက မယုံနိုင်စွာနဲ့ " ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? နင့်မျက်နှာပေါ်က အမဲကွက်တွေတောင် နဲနဲပျောက်သွားပြီ။ ဘယ်လိုဖြစ်နိုင်မှာလဲ ? "

     သူ(မ)ချက်ချင်းထလိုက်ပြီး မထိန်းချုပ်နိုင်ပဲ အော်လိုက်မိတယ်။ ဒီနှစ်တွေတစ်လျှောက် သူ(မ)က စုန့်ကျားရန်ထက်သာတယ်လို့ခံစားရတာက စုန့်ကျားရန်က ၀ပြီး ရုပ်ဆိုးတဲ့အမှိုက်ဖြစ်နေလို့ပဲ။ ဒီလိုသေးငယ်တဲ့ ပြောင်းလဲမှုကပဲ သူ(မ)စိတ်မချမ်းမြေ့ဖြစ်စေတယ်။

     စုန့်ကျားရန်ရဲ့ မျက်လုံးတွေက လင်းလက်သွားတယ်။

     " နင် ဘယ်လိုသိတာလဲ ? "

     စုန့်ယိုယိုရဲ့ စကားတွေက မရေမရာ ဖြစ်နေပေမယ့် အပြစ်ရှိသလိုပုံပေါက်တဲ့ ၀မ်ယောင်ထျန်က စုန့်ယိုယိုကို ပြန်ဆွဲထိုင်ခိုင်းပြီး " ယိုယိုက သမီးအတွက် ၀မ်းသာပေးနေတာပါ "

     သူ(မ) သူတို့အကြံတွေကို မဖော်ထုတ်သေးဘူး။ သူတို့နှစ်ယောက်ဆက်ဆံတဲ့ပုံကို ကြည့်ပြီး သူ(မ)ရင်ထဲမှာ သံသယတွေ ပွားလာတယ်။ ၀မ်ယောင်ထျန်နဲ့ သူ့(မ)မွေးစားသမီး စုန့်ယိုယိုက အရမ်းကို ရင်းနှီးလွန်းနေတယ်။ သူ(မ)က သမီးရင်းဖြစ်တဲ့ စုန့်ကျားရန်ထက်ကို သာနေတယ်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now