အခန်း ( ၂၅ ) ကျေးဇူးပြုပြီး သူ့ကို စောင့်ရှောက်ပေးပါ

77 10 0
                                    

     ၀မ်ယီဖန်နဲ့ မျက်နှာချင်းဆိုင်နေချိန်မှာတုန်းက ထုတ်ပြထားတဲ့ စုန့်ကျားရန်ရဲ့ နွေးထွေးတဲ့အမူရာက ချက်ချင်းကို ပျောက်ကွယ်သွားပြီး သူ(မ)က ၀မ်လင်ကို အေးတိအေးစက်နဲ့ ပြန်ကြည့်တာသည်။

     ၀မ်ယီဖန်က သူ(မ)အသံကြားတဲ့အခါ တအံ့တသြနဲ့ " အစ်မ ရောက်လာပြီပဲ "

     " အင်း "

     ၀မ်လင်က စုန့်ကျားရန်နဲ့ မျက်လုံးချင်းတောင်မဆုံရဲပဲ ခေါင်းကိုငုံ့ကာ ပြန်ဖြေလေသည်။

     ၀မ်ယီဖန်ကတော့ သူ(မ) တစ်ခုခုမူမမှန်တာကို သတိမထားမိပဲ " အစ်မ ကျွန်တော့်ကို အဖော်ပြုပေးဖို့ ဒီအစ်မကို အစ်မတောင်းဆိုထားတာ ကောင်းလိုက်တာ။ ကျွန်တော်တို့ တစ်နေ့ခင်းလုံး စကားပြောနေကြတာ။ "

     သူ့ရဲ့အသံထဲမှ ပျော်ရွှင်မှုတွေ ပါနေတယ်။ သူဒီလိုပျော်နေတာကို ၀မ်လင် မတွေ့ရတာ အတော်ကြာပြီဖြစ်တဲ့အတွက် သူ(မ) စုန့်ကျားရန်ကို တအံ့တသြနဲ့ ကြည့်လိုက်မိသည်။

     စုန့်ကျားရန် မတ်တပ်ရပ်လိုက်ပြီး ၀မ်ယီဖန်ကို
" ယီဖန်ရေ ငါ မင်းအစ်မနဲ့ ပြောစရာကိစ္စလေးတွေရှိသေးလို့ အပြင်ထွက်ပြီး စကားသွားပြောလိုက်ဦးမယ်နော်။ နောင်ကျရင် ငါမင်းဆီကို ထပ်လာလည်မယ်လေ။ "

     ၀မ်ယီဖန် ကြောင်အသွားသည်။ သူ့ကြည့်ရတာ သူ(မ)တို့နှစ်ယောက်ကြားမှာ တစ်ခုခုဖြစ်နေတယ်ဆိုတာကို သိသွားတဲ့ပုံပါပဲ။ ဒါပေမယ့် သူကလိမ်လိမ်မာမာနဲ့ ခေါင်းငြိမ့်ပြလာတယ်။ စုန့်ကျားရန် အခန်းထဲက ထွက်တော့မယ့်အချိန်မှာပဲ ကောင်လေးက သတ္တိမွေးပြီး " အစ်မ နောက်ထပ်လာလည်ဦးမှာလား ? "

     သူ့ရဲ့အသံက အသနားခံနေတဲ့ အသံလေးပါနေတယ်။ ခွေးပေါက်လေးက သူ့သခင်ထွက်သွားမှာစိုးလို့ သူ့ခြေထောက်လေးတွေနဲ့ သခင်ရဲ့အင်္ကျီလက်ကို ဆွဲထားတဲ့အတိုင်းပဲ။ စုန့်ကျားရန် အေးစက်စက် အမူအရာကိုတောင် ဆက်မထိန်းထားနိုင်တော့ပဲ သူ(မ)က ကြင်နာစွာပြုံးပြရင်း " ဒါပေါ့ အစ်မသေချာပေါက် နောက်တစ်ခေါက်လာခဲ့မယ် "

     ဉာဏ်ထက်တဲ့ ၀မ်ယီဖန်က ခပ်မြန်မြန်ပဲ " အစ်မက စကားတည်မယ်ဆိုတာကို ကျွန်တော်ယုံကြည်တယ် "

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) حيث تعيش القصص. اكتشف الآن