အခန်း ( ၄၇ ) ဒီမိန်းမက ဘယ်သူလဲ ?

117 10 0
                                    

     ၀မ်ယီဖန်က ခေါင်းခါလိုက်ပြီး " အစ်မက အရမ်းလှတာပဲ "

     စုန့်ကျားရန်က တခစ်ခစ်ရယ်လိုက်သည်။ ဒီလိုချီးကျူးမှုမျိုးကို သူ(မ)ငယ်ငယ်တုန်းက အများကြီးကြားခဲ့ဘူးပါတယ်။ ဒါပေမယ့် ၀မ်ယီဖန်ပြောလာတဲ့အခါမှာတော့ သူ(မ)အရမ်းပျော်သွားသည်။ သူ(မ)ကိုယ်ထဲကအဆိပ်ကို မကုသရသေးခင်တုန်းက ပုံကိုသာ ၀မ်ယီဖန်မြင်ရင်ကော သူဒီလိုပြောဦးမလားဆိုတာ သူ(မ) တွေးမိသွားသည်။

     သူ(မ) နောက်တစ်ကြိမ် ပြုံးလိုက်မိတယ်။ သူ(မ)ရဲ့ အပြုံးကြောင့် ၀မ်ယီဖန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတယ်။ ဒါပေမယ့်လဲ သူ(မ) ပျော်နေသ၍ အဆင်ပြေတယ်။ သူလဲ လိုက်ပြုံးမိသွားသည်။ သူတို့နှစ်ယောက်သား တွဲဖက်ညီညီနဲ့ အဆင်ပြေနေကြတယ်။

~

     တစ်ဖက်မှာတော့ စုန့်ယိုယိုဟာ အရှေ့တစ်ခေါက် သူ(မ)အရှက်ခွဲခံလိုက်ရထဲက စုန့်ကျားရန်ကို မုန်းတီးနေခဲ့သည်။ စုန့်ကျားရန် ၀ိတ်အများကြီးကျသွားတာကို တွေးမိလိုက်တဲ့အခါမှာတော့ သူ(မ) နာကျည်းတော့သည်။ အဲ့ဒီနောက်မှာ သူ(မ)မျက်နှာပေါ်က ပတ်တီးအကြောင်းကို ပြန်တွေးလိုက်မိတယ်။ ပလက်စတစ်ဆာဂျရီလုပ်တုန်းက အမှားယွင်းများ ဖြစ်ခဲ့တာလား ?

     အဲ့ဒီအကြောင်းကို ပိုတွေးလေလေ သူ(မ)ထင်တာပိုမှန်တယ်လို့ ထင်လာလေပဲ။ စုန့်ကျားရန် ကျောင်းကိုတစ်လလောက် လာမတက်တဲ့အကြောင်းတိုင်ဖို့ ကျောင်းဆရာကို သူ(မ) လှမ်းပြီးဖုန်းဆက်လိုက်သည်။ အဲ့ဒီနောက်မှာတော့ စုန့်မိသားစုဆီ ဖုန်းဆက်ပြီး စုန့်ကျားရန်ကို မနက်ဖြန် ကျောင်းကပွဲတက်ခိုင်းဖို့ ဆရာ့ကို ဖုန်းဆက်ခိုင်းလိုက်တယ်။

     စုန့်ယိုယို ဘေးဘက်မှာ နားထောင်နေရင်းနဲ့ စုန့်ကျားရန် ကပွဲလာဖို့ သဘောတူတာကို သိလိုက်ရတဲ့အခါ အငြိုးနဲ့ ပြုံးလိုက်သည်။ မနက်ဖြန်ကျရင် စုန့်ကျားရန်အတွက် ရှိုးပွဲကောင်းကောင်းလေးတစ်ခု ပြင်ဆင်ထားပေးရမှာပေါ့။

~~

     စုန့်ကျားရန်တစ်ယောက် ၀မ်ယီဖန်ကို နှုတ်ဆက်ပြီး အိမ်ပြန်လာတဲ့အခါ လူအုပ်ကြီးက ပစ္စည်းတွေကို အိမ်ထဲသယ်နေတာ တွေ့လိုက်ရတယ်။ စုန့်ကျားရန် ကြက်သေသေသွားပြီးမှ ဘာတွေဖြစ်နေလဲ သိရအောင် အမြန်သွားလေသည်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now