အခန်း ( ၂၄ ) အရင်ဘ၀က မောင်လေး

99 11 0
                                    

     သူ(မ)တို့တွေ ၀မ်လင်ဆိုတဲ့ အစေခံမိန်းကလေး ကို ခြေရာခံလိုက်မိသွားသည်။ ဆေးစရိတ်တွေက သူ(မ)ရဲ့မောင်လေးကို ကုသဖို့သုံးထားတာ။

     ၀မ်လင်ဆိုတာက စုန့်ယိုယိုနဲ့အတူ သူ့(မ)ကိုအန္တရာယ်ပြုဖို့ လုပ်ခဲ့တဲ့သူပဲ။ စုန့်ယိုယိုက ၀မ်လင်ရဲ့မောင်လေး ဆေးစရိတ်အကြောင်းပြောတာကြားခဲ့ရတာကို စုန့်ကျားရန် သတိရမိသွားသည်။ ပြီးတော့ သူ(မ)အကြံတစ်ခုရလာလေသည်။

     စုန့်မေယွီက ဖုန်းကိုချပြီး ၀မ်းမြောက်တဲ့အမူရာနဲ့  " ယိုယိုက လူတွေကို ကူညီချင်တဲ့ စိတ်ထားကောင်းတဲ့ ကလေးမပဲ။ အရေးကြီးဆုံးက သူ(မ) ဒီကိစ္စအတွက် နာမည်ကောင်းတောင်မယူဘူး။ အမေတို့သာ မစစ်ဆေးမိရင် အမေတို့နောက်ကွယ်မှာ ဒီကလေးမက ၀မ်လင်ကိုကူညီပေးနေတယ်ဆိုတာကို အမေတို့ သိရမှာတောင်မဟုတ်ဘူး။ "

     စုန့်ကျားရန် ရိုးသားလွန်းတဲ့ သူ(မ)အမေကို ဆွံ့အစွာနဲ့ကြည့်လိုက်မိသည်။ သူ့(မ)ကို သတ်ဖို့အတွက် စုန့်ယိုယိုက ၀မ်လင်ကို ဒီပိုက်ဆံတွေပေးတယ်ဆိုတာသာ စုန့်မေ့ယွီသိသွားခဲ့ရင် စုန့်ယိုယိုကို ဒီလိုချီးကျူးဦးမလားဆိုတာ သူ(မ)တွေးမိတယ်။

      စုန့်ကျားရန်က ဦးနှောက်ဆေးခံထားရတဲ့ စုန့်မေ့ယွီနဲ့ ဒီအကြောင်းကို ဆွေးနွေးဖို့လက်လျှော့လိုက်သည်။ သူ(မ)ကိုယ်တိုင်ပဲ သက်သေတွေလိုက်ရှာပြီး စုန့်မေယွီကိုပြဖို့လုပ်လိုက်တယ်။ သက်သေတွေရှေ့မှာသာဆိုရင် စုန့်ယိုယိုကစိတ်ထားကောင်းတဲ့ကလေးဆိုတာ စုန့်မေ့ယွီယုံကြည်နေဦးမယ်လို့ သူ(မ) , မထင်ဘူး။

~~

     စုန့်ကျားရန် ရှန့်လီဆေးရုံကို သွားလိုက်သည်။ ဒါက ၀မ်လင်ရဲ့ မောင်လေးတက်နေတဲ့ ဆေးရုံပဲ။

     သူ(မ)က ၀မ်လင့်မောင်လေးရှိနေတဲ့ အဆောင်ကို သိထားပြီးသား။ ဒါကြောင့် သူ(မ)ဆေးရုံကိုရောက်တဲ့အခါ ဒုတိယထပ်က အခန်း 322 ကို တန်းသွားလိုက်သည်။

     အဆောင်ထဲမှာ ပိန်လှီပြီး အားနည်းလှတဲ့ လူငယ်လေးက အိပ်ယာပေါ်မှာ တစ်၀က်လှဲနေပြီး အပြင်ကနေ အသံကြားလိုက်ရတဲ့အခါ " ရောက်နေပြီလား အစ်မ "

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now