အခန်း ( ၂၂ ) ယန်ချန်ရဲ့ သရုပ်သဏ္ဍာန်

103 11 0
                                    

     စုန့်ကျားရန်နဲ့ ယန်ချန်ရဲ့ နှုတ်ဆက်မှုက စုန့်မေ့ယွီကို အံ့သြသွားစေတယ်။ သူ(မ) ထိုလူကို အကဲခတ်လိုက်တော့ ထိုသူက ယန်မိသားစုခေါင်းဆောင် ယန်ချန်ပဲ။

     ယန်ချန်က ပြုံးပြီး " နောက်ဆုံးတစ်ခေါက်တွေ့တုန်းက ကျွန်တော့်ကို ဦးလေးလို့ ခေါ်သင့်တယ်လို့ မိန်းကလေးစုန့်ကို ပြောလိုက်တယ်နော်။ မင်းကြည့်ရတာ ကျွန်တော်ပြောတဲ့ အဓိပ္ပာယ်ကို နားမလည်ဘူး ထင်တယ်။ "

     စုန့်မေ့ယွီ သူ(မ)နား , နားကိုကပ်ပြီး တိုးတိုးလေးပြောမလာခင်ထိ သူ(မ)က ကြောင်နေမိတယ်။

     " သူက ယန်ချန်လေ။ ယန်မိသားစုရဲ့ အကြီးကဲပဲ။ ပြီးတော့ သူက ယန်ကျင်းချန်းရဲ့ ဦးလေးလေ။ "

     အဲ့တော့မှပဲ သူတို့ကြားမှာ ဒီလိုဆက်ဆံရေးမျိုးရှိတယ်ဆိုတာ သိလိုက်ရတယ်။ သူ(မ) အသံတိတ်နဲ့ ဆဲလိုက်ချင်တယ်။ ယန်မိသားစု၀င်တွေ ဘယ်သူကမှ လူကောင်းတွေ မဟုတ်ကြဘူး။

     သူ(မ)က ခပ်မြန်မြန်ပဲ " မစ္စတာချန် မစ္စတာချန်ကို ဘယ်သူမှန်း မသိလိုက်မိတဲ့အတွက် ကျွန်မကို ခွင့်လွှတ်ပေးပါ။ ကျွန်မတို့ လုပ်စရာကိစ္စလေးတွေ ရှိနေသေးလို့ ကျွန်မတို့အရင် ပြန်နှင့်လိုက်မယ်နော်။ "

     သူ(မ) ဒီလူနဲ့ဆက်ပြီး မပတ်သက်ချင်တော့သဖြင့် ဒီနေရာကနေ မြန်မြန်ထွက်သွားချင်မိသည်။

     မထင်မှတ်ပါပဲ သူ(မ)ရဲ့ နောက်ကျောဘက်ဆီကနေ သူက အေးအေးဆေးဆေးနဲ့ " ကျွန်တော်က အရင်တစ်ခေါက် ဖြစ်ခဲ့တာအတွက် မိန်းကလေးစုန့်ကို ကျေးဇူးတင်ချင်လို့ပါ။ မိန်းကလေးစုန့် ဟိုပစ္စည်းလေးကို သေချာထိန်းသိမ်းထားရဲ့လား ကျွန်တော်တွေးမိပါရဲ့။ "

     ထိုလူကြီး မပြောသင့်တာတွေ ပြောလာမှာကို ကာကွယ်ဖို့အတွက် စုန့်ကျားရန် အမြန်ပြေးပြီး သူ့ပါးစပ်ကို သူ(မ)လက်နှင့် ပိတ်ပစ်လိုက်သည်။

     ယန်ချန်ရဲ့ လူတွေကတော့ အလန့်တကြားနဲ့ ထအော်လေသည်။ ယန်ချန်က သူအဆင်ပြေကြောင်း ပြသဖို့ ဝှီးချဲလ်ကို အသာခေါက်သည်။ ဒါကြောင့် သူ့လူတွေက မလှုပ်ရှားတော့ပေမယ့် သူတို့မျက်လုံးတွေကတော့ ဒီရဲတင်းလှတဲ့မိန်းမကို ကြည့်နေရင်း လူသတ်ချင်စိတ်တွေ ထွက်နေတယ်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now