အခန်း ( ၄၁ ) အဆိပ်များ ပွင့်အံထွက်လာခြင်း

110 10 0
                                    

     အခန်းတစ်ခုရဲ့ တံခါးရှေ့ဆီသို့ စုန့်ကျားရန်ကို ခေါ်သွားကြသည်။ ကျကွဲတဲ့အသံပေါင်းစုံဟာ အခန်းထဲကနေ ထွက်လာတယ်။

     ၀မ်ချင်းက သူ့(မ)ကို အခန်းထဲတွန်းပို့လိုက်ပြီး အခန်းတံခါးကို ပိတ်သွားသည်။ စုန့်ကျားရန်က တွန်းလိုက်တဲ့အရှိန်ကြောင့် တယိမ်းတယိုင်ဖြစ်သွားလေသည်။ အခန်းထဲက မီးတွေ မဖွင့်ထားတဲ့အတွက် အခြေအနေတွေကို သေချာသိရဖို့အတွက် အရမ်းကို မှောင်မိုက်လွန်းနေတယ်။ အခန်းထဲမှာတော့မောဟိုက်နေတဲ့ အသံသဲ့သဲ့လေးကိုသာ ကြားနေရသည်။

     အသံလာရာနေရာဆီကို ကြည့်လိုက်တဲ့အခါ ကုတင်ဘေးမှာ ဝါးတားတားပုံရိပ် တစ်ခု တွေ့လိုက်ရသည်။ ထိုလူက အခန်းထဲကို တစ်ယောက်ယောက်၀င်လာတာကို သတိထားမိသွားပုံရတယ်။

     " ထွက်သွား " ဆိုပြီး အော်တော့သည်။

     စုန့်ကျားရန်က ချက်ချင်းပဲ မီးတွေကို ဖွင့်လိုက်သည်။ အခန်းထဲက အခြေအနေက သူ့(မ)ကို လန့်သွားစေတယ်။ မှန်ကွဲစတွေဟာ ကြမ်းပြင်မှာ တစစီပြန့်ကြဲနေပြီး ပရိဘောဂ ပစ္စည်းတွေကလဲ မှောက်ပြန်လန်နေသည်။ ယန်ချန်ကတော့ ဖြူဖျော့နေတဲ့မျက်နှာနဲ့ ကြမ်းပြင်မှာ ထိုင်နေတယ်။ အဝေးကနေတောင် သူ့မျက်နှာပေါ်က အကြောတွေကို သေသေချာချာမြင်နေရတယ်။

     ဒီအခြေနေကြောင့် သူ(မ)ပေးထားတဲ့ဆေးညွှန်းကို သူက မသုံးဘူးဆိုတာကို သူ(မ)သဘောပေါက်လိုက်သည်။

     တစ်ဘက်ခြမ်းကလူက သူ့(မ)ကို စိုက်ကြည့်လာတဲ့အခါမှာတော့ သူ(မ)က ရယ်လိုက်သည်။

     " ကျွန်မရှင့်ကို ပေးထားတဲ့ဆေးညွှန်းကို ရှင်က မသုံးဘူးပဲ။ ဒီလိုနာကျင်မှုကိုခံရဖို့ ရှင်ထိုက်တန်တယ်။ "

     ယန်ချန်က သူ့ခြေထောက်က နာကျင်မှုကို အံတုကာ နီရဲနေတဲ့ မျက်လုံးတွေနဲ့ ဒီမထီမဲ့မြင်လုပ်နေတဲ့ မိန်းမကို စိုက်ကြည့်နေသည်။ နေ့ရောညပါ နာကျင်မှုနဲ့ နှိပ်စက်ခံရပြီးနောက်မှာ သူ့ရဲ့ပုံမှန်ကျင့်သုံးနေကြ ကိုယ်နှုတ်အမူရာကိုလဲ ဆက်ထိန်းမနေနိုင်တော့ပဲ အသံနက်ကြီးနဲ့အော်လိုက်သည်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now