အခန်း ( ၁၀ ) နင် ငါ့ကို တကယ် ရိုက်တာလား ?

86 9 0
                                    

     သူ(မ)နိုးလာတာမြင်တော့ စုန်မေ့ယွီအော်ခေါ်လေပြီး သူ့(မ)မျက်နှာကို အသာယာပွတ်ပေးလေသည်။

     " ကလေးလေး သမီးမသက်မသာခံစားနေရတဲ့ နေရာရှိလား ? "

     စုန့်မေ့ယွီ အိမ်ပြန်ရောက်ရောက်ခြင်း သူ(မ)သမီးလေးကြမ်းပြင်မှာ မေ့မြောနေတာ တွေ့လိုက်ရလို့ သူ(မ)အရမ်းလန့်သွားခဲ့မိတာ။

     စုန့်ချူရန်ကတော့ အပြစ်ရှိတဲ့ပုံနဲ့  " နင် ..... အဆင်ပြေရဲ့လား ? " လို့ မေးလာသည်။

     စုန့်ကျားရန် သူ့ကို ခပ်တည်တည်နဲ့ကြည့်ပြီး
" နင့်ကျေးဇူးကြောင့်လေ ငါအခုထိ အသက်ရှင်နေသေးတာ။ နင် စုန့်ယိုယိုကို ဂရုစိုက်ဖို့ ထွက်သွားတာမဟုတ်လား ? ဘာလို့ ငါ့ဆီလာဖို့ အချိန်ရနေသေးတာလဲ ?  "

     သူ(မ) မူလကိုယ်ကို သနားသွားရတယ်။ သူ(မ)ဒီလိုဖြစ်လာရတာက သူ(မ)မောင်ကြောင့်လေ ဒါပေမယ့် သူ(မ)မောင်က မွေးစားအစ်မဘက်ကိုပဲပါနေတယ်။

     တစ်စုံတစ်ခု မှားယွင်းနေတယ်လို့ ခံစားရကာ စုန့်မေ့ယွီမျက်မှောင်ကြုံကာ " ဘာတွေဖြစ်နေတာလဲ ? "

     စုန့်ချူရန် နှုတ်ခမ်းလှုပ်သွားပေမယ့် သူကဘာတစ်ခွန်းမှ ပြောမလာဘူး။

     စုန့်ကျားရန်လဲ သူ(မ)မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ သူတို့နှစ်ယောက်ကြားက လေထုကကသိကအောက်ဖြစ်စရာပဲ။

     ဆရာ၀န်တစ်ယောက် ဆေးမှတ်တမ်းကို လက်မှာကိုင်ကာ အခန်းထဲကို ကသိုက်ကရိုက်၀င်လာသည်။ စုန့်ကျားရန် နိုးနေတာလဲမြင်ရော " မိန်းကလေးစုန့်ရဲ့ ခန္ဓာကိုယ်က အကုန်ကောင်းပါတယ်။ သူ(မ)က မောပန်းမှုကြောင့် မေ့လဲသွားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ "

     သူတို့တွေ သူ့(မ)ကို စစ်ဆေးတဲ့အခါ ချို့ယွင်းနေတဲ့အရာတစ်ခုမှ မတွေ့ရဘူး။ ဒါကြောင့်သူတို့က ဒီဆင်ခြေပဲ ပေးနိုင်တယ်။

     စုန့်ချူရန်ကလဲ ဆင်ခြေပေးဖို့ရာ တွေ့သွားပုံပဲ။

     " နင် ဟန်ဆောင်နေတာပါလို့ ငါမပြောခဲ့ဘူးလား ? ငါ့ကိုလိမ်ဖို့ မကြိုးစားနဲ့။ "

     စုန့်ကျားရန် မျက်လုံးဖွင့်ကာ ကုတင်ပေါ်ကဆင်းပြီး စုန့်ချူရန်ကို စိုက်ကြည့်လိုက်သည်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now