အခန်း ( ၂၃ ) ယွမ် သန်း 50 ကျော်

81 10 0
                                    

     ၀မ်ချင်းထွက်သွားမှပဲ ယန်ရန်ဝေ့ အသက်ပြင်းပြင်းရှူရဲတော့တယ်။ ဘေးမှာရှိနေတဲ့ ၀ူယွီက သူ့ကို အထင်မြင်သေးတဲ့ အကြည့်နဲ့ကြည့်လာသည်။ အဲ့ဒီအကြည့်ကြောင့်ပဲ လင်မယားနှစ်ယောက် နောက်ထပ်ရန်ပွဲဖြစ်ကြပြန်တယ်။

~~

     စုန့်မေ့ယွီနဲ့ စုန့်ကျားရန် စုန့်အိမ်တော်ကို ပြန်ရောက်တဲ့အခါ ၀မ်ယောင်ထျန် စာကြည့်ခန်းကနေ လူစိမ်းအချို့နဲ့ ထွက်လာတာကို တွေ့လိုက်ရသည်။ စုန့်မေ့ယွီက မျက်မှောင်ကြုတ်ပြီး " သူတို့က ဘယ်သူတွေလဲ ? "

     ၀မ်ယောင်ထျန် ခဏတာလောက် လန့်သွားပြီး မျက်နှာကို ပြန်ပြင်ကာ " သူတို့က ကိုယ့်သူငယ်ချင်းတွေပါ။ သူတို့က ကိုယ်နဲ့ဆွေးနွေးစရာရှိလို့ လာတာလေ။ "

     စုန့်မေ့ယွီက သူ့(မ)မိသားစုအပေါ်ဆိုရင်အမြဲ အရမ်းအယုံအကြည်ရှိပြီး အရမ်းလဲသည်းခံတတ်တယ်။ သူ့(မ)ယောကျာ်းပြောတာ ကြားတဲ့အခါမှာတော့ သူ(မ)က ခေါင်းညိမ့်ပြီး ထိုလူအုပ်ကိုလဲ ရင်းနှီးတဲ့ဟန်ပန်နဲ့ ခေါင်းညိမ့်ပြသည်။

     ၀မ်ယောင်ထျန်ကတော့ ထိုလူတွေကို အတင်းနှင်လွှတ်လေသည်။

     စုန့်ကျားရန်က ရုတ်တရက် " အဖေ အဖေ့သူငယ်ချင်းတွေက ဘာအလုပ်လုပ်တာလဲ ? သူတို့က သမီးမြင်ဖူးတဲ့ ရှေ့နေတွေနဲ့ တူနေတယ်။ "

     ၀မ်ယောင်ထျန်ရဲ့ ကိုယ်က တောင့်တင်းသွားလေသည်။ သူက ဒေါသထွက်ပြီး " နင်က ကလေးပဲ ရှိသေးတယ်။ လူကြီးတွေ ကိစ္စ၀င်မရှုပ်စမ်းနဲ့။ "

     " သူ(မ)က သိချင်လို့ မေးတာပါ။ ဘာတွေအဲ့လောက် ကြမ်းတမ်းနေရတာလဲ ? "

     စုန့်မေ့ယွီက မျက်မှောင်ကြုံလိုက်သည်။

     ၀မ်ယောင်ထျန်က ပြုံးပြီး " ဟုတ်ပါပြီ။ ဟုတ်ပါပြီ ကိုယ်ပဲမှားတာပါ။ ကိုယ် သူတို့ကို အရင်လိုက်ပို့လိုက်ဦးမယ်။ "

     စုန့်ကျားရန် သူတို့တွေ ထွက်သွားတာကို ကြည့်နေရင်း ရင်ထဲမှာ သတိထားရမယ်ဆိုတဲ့စိတ် ပေါ်ပေါက်လာတယ်။

     ၀မ်ယောင်ထျန်က ဘာလုပ်ဖို့ကြိုးစားနေတာလဲ ?

     အဲ့အချိန်မှာပဲ စုန့်ယိုယိုက အပြင်ကနေ ပြန်၀င်လာတယ်။ သူ(မ)တို့ကိုလဲတွေ့ရော " မေမေ ကျားရန် ယန်အိမ်တော်ကနေ ပြန်ရောက်လာပြီလား ? "

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Dove le storie prendono vita. Scoprilo ora