အခန်း ( ၁၃ ) ဒီလူက ကောင်းမွန်တဲ့ အသားအရေကို ပိုင်ဆိုင်ထားတာပဲ

82 8 0
                                    

     ယန်ချန်က ဘာမှမဆိုလေပဲ သူ့(မ)ကို တစ်ချက်ကြည့်လိုက်သည်။ အဲ့တာက သဘောတူတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဆိုတာ ၀မ်ချင်းသိလိုက်တယ်။

     စုန့်ကျားရန် ကားပေါ်တက်ထိုင်လိုက်သည်။ နဂိုက နေရာအကျယ်ကြီး ရှိနေတဲ့နေရာက သူ(မ)လဲ၀င်လိုက်ရော နေရာကကျဥ်းမြောင်းသွားလေသည်။ သူ(မ)က ထိုင်ခုံနှစ်နေရာစာလောက်ကို ယူထားတာကိုး။ သူ(မ)အခုချိန်ထိ ချောင်းဆိုးနေသေးသည့် လူကြီးကို ကြည့်ပြီး  "ရှင့်ရဲ့လက်ကို ကမ်းပေးပါလား ? "

     ယန်ချန်က မျက်လုံးတွေကို ပိတ်လိုက်တယ်။ သူက ဒီလိုအခြေနေမကောင်း ဖြစ်နေတာတောင် သူက ဘုရင်ကြီးတစ်ပါးအလားပဲ။ သူကလက်ကိုဆန့်ထုတ်ပြီး စုန့်ကျားရန်ဆီ ကမ်းပေးလာတယ်။

     စုန့်ကျားရန် ထိုသူရဲ့လက်ကို ကြည့်လိုက်မိတဲ့အခါ တံတွေးတောင် မြိုချမိတယ်။ အမယ်လေးလေး လှလိုက်တဲ့ လက်ပါလား ?

     ထိုလူကြီးက သူ့(မ)ကို မကျေမချမ်းနဲ့ ကြည့်လာတဲ့အခါမှ သူ(မ) တက်မက်တဲ့ အကြည့်တွေကို ရုပ်သိမ်းလိုက်တယ်။ သူ(မ) အရှက်ပြေချောင်းတစ်ချက်ဆိုးပြီး မျက်နှာကို ခပ်တည်တည်ထားလိုက်သည်။ သူ(မ)လက်တွေကို သူ့ရဲ့လက်ကောက်၀တ်ပေါ် တင်လိုက်သည်။ အမှန်တကယ်တော့ သူ(မ)လက်ချောင်းတွေကို မသိမသာနဲ့ ထိုလူ့လက်ကောက်၀တ်ကို ပွတ်ကြည့်နေတာ။

     သူ(မ)သက်ပြင်းတောင် ချလိုက်မိတယ်။ ယောကျ်ားလေးတစ်ယောက်က ဒီလောက်အသားရည်ကောင်းရတယ်လို့ မတရားလိုက်တာ။

     ကားထဲက အပူချိန်က ရုတ်တရက် ကျဆင်းသွားသည်။ အဲ့တော့မှ ယန်ချန်က သူ့(မ)ကိုအေးစက်စက်နဲ့ ကြည့်နေတယ်ဆိုတာ နောက်ကျမှ သိလိုက်ရတယ်။ သူ(မ) , မချိုမချင်နဲ့ ပြန်ပြုံးပြလိုက်တယ်။

     သူ(မ) , မသိလိုက်တဲ့အချက်ကတော့ သူ(မ)ပြုံးလိုက်တဲ့အခါ မျက်နှာကအဆီတွေက ဖြစ်ညှစ်လိုက်သလို ဖြစ်သွားတဲ့အတွက် အဖုအထစ်တွေ ဖြစ်သွားသည်။ အဲ့တာက သူ့(မ)ကို ပိုလို့တောင် ရုပ်ဆိုးသွားစေတယ်။

     သူ(မ) ထိုလူရဲ့အသားအရေကို သွားရည်တမြားမြားကျနေတာကို ရပ်လိုက်ပြီး သူ့ရဲ့ သွေးကြောကို သေသေချာချာ စမ်းပေးသည်။ အချိန်ကြာလေ ကြာလေ သူ(မ) မျက်နှာက ပိုပိုပြီး တည်လာလေပဲ။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now