အခန်း ( ၄ ) ၀ိတ်ချခြင်း

119 8 0
                                    

     စုန့်မေ့ယွီက ရင်နာနာနဲ့ " ကလေးရယ် သမီးလိုချင်တာမှန်သမျှ အမေ ရအောင် လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် သမီးကိုယ့်ကိုယ်ကိုတော့ အနာတရ မဖြစ်အောင် လုပ်ရမယ်နော်။ "

     စုန့်ကျားရန်လဲ လက်ခံလိုက်ပြီး ပြုံးပြလိုက်တယ်။ အခုလောလောဆည်မှာတော့ သူ(မ) သူတို့ရဲ့စိတ်ကို ပြောင်းလဲအောင်လုပ်ဖို့ မတတ်နိုင်သေးဘူး။ နောင်ကျရင်တော့ သူ(မ)ရဲ့ လုပ်ရပ်တွေကတစ်ဆင့် သူ(မ)ရဲ့ရပ်တည်ချက်ကို သက်သေပြမယ်လေ။

     စုန့်ကျားရန်တစ်ယောက် ဆင်ခြေပေါင်းစုံပေးပြီး သူ့(မ)အမေကို နှင်ထုတ်လိုက်တယ်။ ဒါက သူ(မ)ပထမဆုံးအကြိမ် ဒီလိုမျိုးအချစ်တွေကိုရရှိဘူးတာပဲ။ ဒါကြောင့် သူ(မ)ဘယ်လိုတုံ့ပြန်ရမှန်းတောင် မသိတော့ဘူး။ ဒါပေမယ့် သူ(မ)က စုန့်မေ့ယွီကို သဘောကျသွားတယ်။

     စုန့်ကျားရန် ငါမင်းရဲ့ ခန္ဓာကိုယ်ကို အသုံးပြုပြီး မင်းအတွက် လက်စားချေပေးပါ့မယ်။

~~~~

     နောက်တစ်နေ့မနက်မှာတော့ သူ(မ)စောစောထတယ်။ သူ(မ)လှေကားကနေ ဆင်းလာချိန်မှာ အားလုံးအာရုံက သူ(မ)ဆီကို ပြုံကျလာတယ်။

     သခင်နဲ့သခင်မကြီးစုန့်က စားပွဲမှာထိုင်ကာ မနက်စာ သုံးဆောင်နေတယ်။ စုန့်မေ့ယွီက သူ့(မ)ကို မြင်တော့ " ကျားရန် ဒီနေ့ဘာလို့အစောကြီးနိုးနေတာလဲ ? " လို့မေးပြီး အန်တီ၀မ်ကို နောက်ထပ်ပန်းကန်နဲ့ ဇွန်း၊ ခရင်းတစ်စုံ ချဖို့ ပြောတယ်။

     စုန့်ကျားရန်အတွက် သူတို့ရဲ့တုန့်ပြန်မှုက ထူးဆန်းစရာ မရှိပါဘူး။ ပုံမှန်ဆိုရင် စုန့်ကျားရန်က နေ့လည်ရောက်ခါနီးတောင် မနိုးဘူးလေ။

     " အမေ သမီးမနက်စာ မစားတော့ဘူး။ လမ်းလျှောက်ထွက်လိုက်ဦးမယ်။ "

     စုန့်ယိုယိုက အလန့်တကြားနဲ့ " ကျားရန် ဘာလို့ ရုတ်တရက်ကြီး လမ်းထွက်လျှောက်ဖို့ အတွေးရသွားတာလဲ ? မဟုတ်မှလွဲရော နင်အခုထိ သခင်လေးယန်ရဲ့ အချစ်ကို ရဖို့ကြိုးစားနေတုန်းလား ? "

     အဲ့စကားတွေ ပြောထွက်ပြီးချိန်မှာ စုန့်ယိုယိုက သူ(မ)ပါးစပ်ကို အသာအုပ်ကိုင်ကာ အမှတ်တမဲ့နဲ့ ပြောထွက်မိသလို ဟန်ဆောင်လိုက်တယ်။ တကယ်တမ်းကျ သူ(မ)ဒီစကားတွေကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ပြောခဲ့တာ။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now