အခန်း ( ၃၈ ) စတင် သရုပ်ဆောင်ခြင်း

85 9 0
                                    

     ၀မ်ယောင်ထျန်ထွက်သွားတော့ စုန့်မေ့ယွီက စိုးရိမ်စွာနဲ့ " အမေတို့ လုပ်နိုင်ပါ့မလား ? "

     စုန့်ကျားရန်က စားပွဲပေါ်က စပျစ်သီးကို ယူလိုက်ရင်း " မစိုးရိမ်ပါနဲ့။ သူ့ရဲ့လောဘနဲ့ဆိုရင် ဒီလို အမြတ်များတဲ့ အခွင့်ရေးကို လက်လွှတ်မှာ မဟုတ်ဘူး။ သမီးတို့ကစောင့်ပြီး သူ့သေတွင်းသူတူးတာကို ကြည့်နေယုံပဲ။ "

    အဲ့တော့မှ စုန့်မေ့ယွီက စိတ်အေးသွားပြီး ပြုံးလိုက်သည်။

    " အရင်ဆုံး ချူးရန်ကို ဒီအကြောင်း အသိမပေးရအောင်။ သူလက်မခံနိုင်မှာကို အမေစိုးရိမ်လို့။ "

     ကောင်စုတ်လေးအကြောင်းတွေးမိတော့ ခေါင်းတောင်ကိုက်ချင်သွားတယ်။ သူ(မ)ခေါင်းငြိမ့်လိုက်ပြီး နောက်ထပ် ပန်းသီးကို ထပ်ယူလိုက်သည်။

     ၀မ်ယောင်ထျန်သာ စုန့်မိသားစုနဲ့ ကျင်းရှန်း ကောပိုရေးရှင်းကို ဂရုစိုက်တယ်ဆိုရင် သူအထိနာမှာ မဟုတ်ဘူး။ ဒါပေမယ့် သူကတကယ့်ကို သွေးအေးအေးတဲ့လူဆိုတော့ သူ(မ)တို့ဘက်ကလဲ ညှာနေစရာအကြောင်းကို မရှိဘူး။

~

     နောက်တစ်နေ့ ၀မ်ယောင်ထျန် ကုမ္ပဏီကိုရောက်တဲ့အခါ ဆင်ခြေဖုံးဘက်ခြမ်းက ဆေးပရောဂျက်ကို တခြားဌာနဆီကနေ သူကအရင်သွားတောင်းတယ်။ တခြားလူတွေလဲ ဘယ်ကျေနပ်ကြမလဲ အဲ့ဒါကြောင့် သူတို့တွေက စုန့်မေ့ယွီကို တိုင်တန်းကြလေသည်။

     " CEOစုန့် ဒီပရောဂျက်က အစထဲက ကျွန်တော်တို့ဟာလေ။ ပြီးတော့ ကျွန်တော်တို့ဌာနဘက်မှာ ပရောဂျက်က များများစားစားလဲ မရှိဘူး။ ပရောဂျက်ကောင်းတွေအကုန်လုံးက မန်နေဂျာ၀မ်ရဲ့ လက်ထဲမှာတွေချည်းပဲ။  ကျွန်တော်တို့ ပရောဂျက်ကို လုယူတာကြီးက မသင့်တော်ပါဘူး။ "

     ပရောဂျက်မန်နေဂျာက ဒေါသတကြီးနဲ့ ပြောလာသည်။ စုန့်မေ့ယွီက မျှတတဲ့လူမလို့ သူ(မ)ရှေ့မှာတင် ၀မ်ယောင်ထျန်အကြောင်းကို ပေါ်တင်တိုင်ရဲတာ။

     စုန့်မေ့ယွီက မျက်မှောင်ကြုတ်လိုက်ပြီး " မန်နေဂျာ၀မ် ရှင့်ရဲ့အကြောင်းပြချက်ကရော "

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Donde viven las historias. Descúbrelo ahora