အခန်း ( ၄၃ ) ထူးဆန်းတဲ့ လူကြီး

89 9 0
                                    

     သူ(မ) ဒီအကြောင်းကိုတွေးနေရင်းနဲ့ ယန်အိမ်တော်ကို ပတ်ပြီး ပြေးနေတယ်။ လက်တလောမှာ သူ(မ)က ၀ိတ်ကျဖို့ကို အတတ်နိုင်ဆုံး ကြိုးစားနေတယ် အဆိပ်ဖြေဖို့ အတွက်ရောပေါ့။ ဆေးဘက်၀င်ချိုးရေကြောင့် သူ(မ)ရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုက အများကြီးကို ပြောင်းလဲသွားတယ်။ အနည်းဆုံးတော့ သူ(မ)ဝိဉာဏ်ကူးပြောင်းခါစတုန်းကလိုမျိုး ပြေးတောင်မပြေးနိုင်တဲ့သူမျိုး မဟုတ်တော့ဘူး။

     ၀မ်ချင်း အပြင်မှာ လမ်းလျှောက်နေရင်း နေရောင်အောက်မှာပြေးနေတဲ့ စုန့်ကျားရန်ကို တွေ့လိုက်တဲ့အခါ သူအနည်းငယ် မှင်သက်သွားသည်။ သူတို့တွေ နေ့တိုင်းတွေ့နေရပြီး သူ(မ)ဘယ်လောက်ပြောင်းလဲသွားလဲဆိုတာကို သူသိနေတာတောင်မှ သူ့(မ)ကိုတွေ့လိုက်ရတဲ့အချိန်တိုင်းမှာ မှင်သက်နေမိတုန်းပဲ။

     စစချင်းတုန်းက စုန့်ကျားရန်က ဘယ်လိုပုံလဲဆိုတာကို သူ မမှတ်မိတော့ဘူး။ သူ့စိတ်ထဲက ၀တုတ်မလေး စုန့်ကျားရန်က လှပတဲ့ (ရင်နှင့်တင်ပြည့်ပြည့်) ခန္ဓာကိုယ် အချိုးအစားနဲ့ ကောင်းမွန်တဲ့ အသားရည်ရှိတဲ့ အမျိုးသမီးလေးအဖြစ်သို့ အစားထိုးသွားသည်။ သူ(မ)က ၀ိတ်ကျသွားတဲ့အခါ အရမ်းလှလာတယ်။ သူ(မ)ရဲ့နှဖူးပေါ်က ချွေးစက်လေးတွေကတောင် မျက်စိပသာဒ ဖြစ်နေတယ်။

     " မိန်းကလေးစုန့် မိန်းကလေးလိုချင်တဲ့ ပစ္စည်းရောက်လာပါပြီ "

     ၀မ်ချင်က စိတ်တည်ငြိမ်သွားတော့မှ ပြောလာသည်။

     စုန့်ကျားရန်က သွားနေရာကနေ ရပ်လိုက်ပြီး မျက်လုံးထဲမှာ ပျော်ရွှင်မှုတွေနဲ့ " ကောင်းလိုက်တာ။ ကျွန်မကို မြန်မြန်ပေး။ "

     စုန့်ကျားရန်က မျက်နှာကို လှည့်လိုက်တဲ့အခါ နဂိုက ကွယ်နေတဲ့ သူ(မ)မျက်နှာညာဘက်ခြမ်းက အမဲစက်က ပေါ်လာသည်။ အမဲစက်တွေက တော်တော်လေးမှိန်သွားပေမယ့်လို့ အဲ့တာက အလှကို ဖျက်နေတုန်းပဲ။ ၀မ်ချင်းရဲ့ မျက်၀န်းတွေထဲမှာ သနားနေတဲ့ အရိပ်ယောင်တွေ ပေါ်လာတယ်။

     စုန့်ကျားရန်က ဗီလာဆီကို မြန်မြန်လျှောက်သွားလိုက်သည်။ ယန်အိမ်တော်မှာ နေရတဲ့ အကြီးမားဆုံး ကောင်းကျိုးကတော့ သူ(မ)လိုချင်တဲ့ ဆေးဘက်၀င်အပင်ဟာ ဘယ်လောက်ပဲ ရှားပါးနေပါစေ ယန်ချန်က သူ(မ)အတွက် ရအောင်လုပ်ပေးနိုင်တယ်လေ။ ဒါကြောင့် စုန့်ကျားရန်က ဆေးကုသစရိတ်အနေနဲ့ ဆေးဘက်၀င်အပင်များစွာကို၀ယ်ပြီး ငွေညှစ်တာပဲ။ အဲ့ဒါက သူ့(မ)ကို အတင်းကြပ် ယန်အိမ်တော်မှာ နေခိုင်းတဲ့အတွက် သူ(မ)က သူ(မ)အတွက် လက်စားပြန်ချေတာလို့ ပြောလို့ရတယ်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now