အခန်း ( ၁၆ ) အဆိပ်ကို စတင်ဖယ်ထုတ်ခြင်း

99 8 0
                                    

     သူ(မ)အရင်ဘ၀တုန်းကဆိုရင် ဒီလိုအဆိပ်မျိုးကို အရမ်းစိတ်၀င်စားခဲ့တာ။ ဒါပေမယ့် ဒီလိုအဆိပ်မျိုးကို အရင်ဘ၀တုန်းက ရှာလို့မတွေ့ခဲ့ဘူး။ မမျှော်လင့်ပဲ ဒီအဆိပ်က ဒီကမ္ဘာကျမှလာတွေ့နေတယ်။ ဖြစ်ချင်တော့ သူ(မ)ရဲ့ကိုယ်ထဲမှာတဲ့။

     သူ(မ)ဆေးပင်တွေကို နေရာချနေရင်း  ရှေးဟောင်းစာအုပ်မှာ ပါ၀င်တဲ့အကြောင်းရာတွေကို ပြန်ပြီးတွေးနေမိသည်။

     ဒီအဆိပ်က ကင်းမှီးကောက်အဆိပ်လို့ခေါ်တယ်။ အဲ့ဒါကို ကင်းမှီးကောက်ပေါင်း ရာကျော်ဆီကနေ ထုတ်ထားတဲ့ အပြင်းဆုံးအဆိပ်နဲ့လုပ်ထားတာ။ အဆိပ်တစ်ရာဘုရင်လို့လဲ သိကြတယ်။ အဲ့အဆိပ်က လူတစ်ယောက်ကို ချက်ချင်း မသေစေပေမယ့်လို့ သူက လူ့ခန္ဓာကိုယ်အတွင်းထဲကနေ ဖြည်းဖြည်းချင်းလှိုက်စားတယ်။ တကယ်လို့ စုန့်ကျားရန်က တစ်ခြားသူသတ်တာ မခံရရင်တောင် သူ(မ) လူ့ဘ၀မှာ အကြာကြီး မနေနိုင်ဘူး။

     အဆိပ်မိခံထားရသူတွေဟာ သူ့တို့ရဲ့ ကိုယ်ပေါ်မှာ အဆိပ်ကို ရှာလို့တွေ့မှာ မဟုတ်ဘူး။
သူတို့ခန္ဓာကိုယ်က အချိန်နဲ့အမျှ ပြောင်းလဲလာပြီး ၀လာမယ်။ ပြီးတော့ အမဲစက်ကြီးတွေထွက်လာမယ်။ တစ်နေ့ထဲနဲ့ ဒါတွေအကုန်ဖြစ်လာတာမဟုတ်တဲ့အတွက် သူတို့က အဆိပ်မိခံထားရတယ်ဆိုတာ ဘယ်သူမှသံသယ မ၀င်ကြဘူး။

     သူ(မ)အရင်ဘ၀ဒီအဆိပ်ကိုမြင်ဘူး၊လေ့လာဖူးလို့ပေါ့မဟုတ်ရင် သူ(မ)လဲ အချိန်တိုအတွင်းမှာ အဖြေရှာလို့တွေ့မှာ မဟုတ်ဘူး။

     သူ(မ) ခုနတုန်းကတွေ့ခဲ့တဲ့ မှတ်ဉာဏ်တွေအရ သူ(မ)နဲ့ စုန့်ချူးရန်ကို အဆိပ်ခတ်တဲ့သူက သူ(မ)တို့ကို မသေစေချင်ပေမယ့် အဆိပ်မိစေချင်တာ။

     ပြောရမယ်ဆိုရင်တော့ တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က သူ(မ)နဲ့ စုန့်ချူးရန်ကို ခန္ဓာကိုယ် ချို့ယွင်းသွားစေချင်တာ။ ဒါကြောင့် သူတို့တွေက စုန့်မိသားစုကို ပြစ်မှတ်ထားနေတာပဲ။

     စုန့်မိသားစုရဲ့ ရန်သူတဲ့လား ...... သူ(မ) ဒီကိစ္စကို စုန့်မေ့ယွီကို မေးမှ ဖြစ်မယ်။

     သူ(မ)ခေါင်းယမ်းလိုက်ပြီး ဒီအတွေးတွေအကုန်လုံးကို စိတ်ထဲကထုတ်လိုက်တယ်။ စားပွဲပေါ်မှာတော့ ဆေးမြစ်စုံ အစုံလိုက်ရှိနေတယ်။အဲ့တာက သူ(မ)ဖော်စပ်ထားတဲ့ ဆေးမြစ်စုံချိုးရေပဲ။ စုန့်ကျားရန်က အဆိပ်မိနေတာ အချိန်ကြာနေပြီဖြစ်တဲ့အတွက် တိုက်ရိုက်ကြီးအဆိပ်ထုတ်လိုက်ရင် သူ(မ)ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိနိုင်တယ်။ အခုလောလောဆယ်တော့ သူ(မ)ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း အားပြည့်အောင်ပဲ လုပ်နိုင်သေးတယ်။ ဆေးမြစ်စုံနဲ့ရေချိုးတာကတော့ အကောင်းဆုံး နည်းလမ်းပဲ။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now