အခန်း ( ၈ ) မောင်လေးရဲ့ သဘောထား

106 10 0
                                    

     ယန်ချန်ရဲ့ သွေးခုန်နှုန်းကို သေချာစမ်းပြီးနောက်မှာ ဆေးဆိုင်ပိုင်ရှင် ခေါင်းတောင်ကုတ်ချင်သွားတယ်။ ဒါပေမယ့် ဒီလိုအပြုမူကို ထိုလူရှေ့မှာ သွားလုပ်ဖို့က မသင်တော်ဘူးလေ။ ဒါကြောင့် သူ့မုတ်ဆိတ်မွှေးတွေကိုပဲ အသာကိုင်လိုက်တယ်။ မုတ်ဆိတ်မွှေးကို နှစ်ခါလောက်ပွတ်လိုက်ပြီးနောက် သက်ပြင်းအသာချကာ " မစ္စတာချန် မစ္စတာ့ရဲ့ သွေးခုန်နှုန်းက သိပ်အခြေနေမကောင်းဘူး။ ကျွန်တော်ကိုက အသုံးမကျတာပါဗျာ။ ရောဂါအခြေနေကို ခဏတာပဲ ထိန်းဖို့ရာ ကူညီပေးနိုင်တယ်။ ကျွန်တော် ဒေါက်တာချိုးကို အမြန်ရှာဖို့ လိုအပ်နေပြီ။ "

     သူပြောတဲ့ ဒေါက်တာချိုးဆိုတာ ဆေးနယ်ပယ်မှာ အလွန်အံ့သြဖို့ကောင်းအောင် တော်တဲ့ ဆေးဆရာတစ်ဦးပဲ။ သူက ဒီကမ္ဘာမှာ သူ , မကုနိုင်တဲ့ ရောဂါ မရှိဘူးလို့တောင် ပြောထားတယ်။ သူက အဲ့ဒီလို စိတ်ကြီး၀င်နေပေမယ့် တကယ်လဲ သူ့စကားအတိုင်း ပျောက်အောင်ကုသပေးနိုင်တယ်။ ပြဿနာရှိတာက သူဘယ်မှာရှိနေလဲဆိုတာ မသေချာမရေရာဖြစ်နေပြီး သူ့ကိုရှာဖို့ရာလဲ အင်မတန်မှ ခက်ခဲလေတယ်။

     ယန်ချန်က လက်အသာဝှေ့ကာ " ကိစ္စမရှိပါဘူး။ ဒါက ဖြစ်နေကျ ပြဿနာဟောင်းပဲလေ။ "

~~~~~

     စုန့်မိသားစု အိမ်တော်ကို ပြန်ရောက်တော့ စုန့်ကျားရန် ပန်းခြံထဲက ရေပန်းဆီကို သွားကာ ထိုင်ချလိုက်တယ်။ ဒီထောင့်နေရာလေးက မူလကိုယ်နာကျင်ရတိုင်းမှာ လာနေကျနေရာလေးပါ။ သူ(မ)ဒီနေရာလေးမှာ ထိုင်လိုက်တဲ့အခါ မူလကိုယ်နဲ့ သူ(မ) တစ်သားထဲ ဖြစ်သွားသလိုပဲ။

     စုန့်ချူရန် ပန်းခြံထဲ၀င်လာတဲ့အခါ ထောင့်မှာရှိနေတဲ့ ပုံရိပ်ကြီးကြီးတစ်ခုကို တွေ့လိုက်ရတယ်။ သူ(မ)က အမြင်အာရုံကို ဖမ်းစားထားလေတယ်။

     သူ(မ)ဆီကို လျှောက်သွားလိုက်ပြီး " နင် ဒီနေ့ဘာတွေဖြစ်နေတာလဲ ? နင် ....... "

     သူဆက်ပြောမယ့် စကားတွေဟာ စုန့်ကျားရန် သူ့ဘက်ကို လှည့်လာတာတွေ့တော့ လည်ချောင်းထဲ တစ်ဆို့ကုန်တယ်။

     စုန့်ကျားရန်ရဲ့ မျက်နှာပေါ်မှာ မျက်ရည်တွေအပြည့်နဲ့ သူ့(မ)မျက်၀န်းထဲက ပူပန်သောကမှုတွေကလဲ အပြင်ကို လျှံထွက်လာတော့မယ့်အတိုင်းပဲ။ သူ့(မ)ကို ဒီလိုတွေ့လိုက်ရတော့ သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်မိတယ်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now