အခန်း ( ၁၉ ) ယန်အိမ်တော်သို့ အလည်တစ်ခေါက်

97 9 0
                                    

     နေ့လည်စာစားပြီးတာနဲ့ စုန့်ကျားရန်က စုန့်မေ့ယွီကို အိမ်ထဲကနေ ဆွဲထုတ်သွားသည်။ ယန်အိမ်တော်ကို သူတို့ရောက်သွားတဲ့အခါ စုန့်မေယွီက စိုးရိမ်တကြီးနဲ့ " သမီးလေး စေ့စပ်ထားတာကိုဖြတ်မယ်ဆိုတာ သေချာပြီလား ? နောင်တမရဘူး မလား ? "

     လမ်းတလျှောက်လုံးလဲ စုန့်မေ့ယွီက တတွတ်တွတ်နဲ့ မေးလာခဲ့တာ။ စုန့်ကျားရန် နောက်တစ်ခေါက်ထပ်ပြီး အတည်ပြုလိုက်သည်။

     " ဟုတ် အမေ သမီးစေ့စပ်ကြောင်းလမ်းတာကို ဖျက်ချင်တယ် "

     သူ့(မ)အမေက မယုံသေးတာကို တွေ့တဲ့အခါ စုန့်ကျားရန် သူ(မ)အမေပုခုံးကို ဖက်ပြီး " အမေ သမီးအရင်က အရမ်းတစွတ်ထိုးနိုင်ခဲ့တယ်။ ယန်ကျင်းချန်းက လူကောင်း မဟုတ်ဘူး။ ပြီးတော့ သူက သမီးအပေါ် ဘာခံစားချက်မှလဲ မရှိဘူးလေ။ ပြောရရင် သူက သမီးကို မုန်းနေတာ။ သူနဲ့သာ လက်ထပ်လိုက်ရင် သမီးလဲ ပျော်ရွှင်ရမှာမဟုတ်ဘူး။ "

     စုန့်မေ့ယွီလဲ စိတ်အေးသွားရပြီး ကျားရန်ရဲ့လက်လေးကို အသာပုတ်ကာ " အမေ့သမီးလေးတောင် ရင့်ကျက်လာပြီပဲ။ သမီးကို အမှန်တကယ် ချစ်တဲ့သူကို သမီး ရှာတွေ့မယ်ဆိုတာ အမေ ယုံကြည်တယ်။ "

     စုန့်ကျားရန် ခေါင်းငြိမ့်လိုက်တယ်။

     သူတို့နှစ်ယောက် ကားထဲက ထွက်လိုက်ပြီး ယန်အိမ်တော်တံခါး၀ဆီ ရောက်တဲ့အခါ ယန်အိမ်က အိမ်တော်ထိန်းက အပေါက်၀မှာ သူတို့ကို ဆီးကြိုလို့နေတယ်။ ယန်အိမ်တော်ကို လာမယ်ဆိုတာ စုန့်မေ့ယွီက ကြိုတင်အကြောင်းကြားထားပြီးသား ဖြစ်တယ်။

     စုန့်မေ့ယွီက ခေါင်းကိုငြိမ့်ပြီး " ကဲ အထဲ၀င်ကြရအောင် "

     သူ(မ)ရဲ့ အပြုမူက အိမ်တော်ထိန်းကို အံ့သြသွားစေတယ်။ စုန့်မေ့ယွီက စီးပွားရေးနယ်ပယ်မှာ ခက်ထန်တယ်လို့ သိကြပေမယ့် ယန်မိသားစုရှေ့ဆိုရင်တော့ သူ(မ)က ယဥ်ကျေးပြီး ရိုကျိုးလေသည်။

     ဒါပထမဆုံးအကြိမ် စုန့်မေ့ယွီ ယန်မိသားစုရှေ့မှာ ခေါင်းကို ခပ်မတ်မတ် မော့ထားတာပဲ။ အရင်တုန်းက သူ့(မ)သမီးက ယန်မိသားစုရဲ့ ကောင်စုတ်လေးကို အရူးအမူး စွဲလန်းနေလို့ သူ(မ)က သည်အိမ်ထောင်ရေးအတွက် အရင်ဦးစွာ သူတို့မိသားစုကို လာဘ်ထိုးထားခဲ့ရတာ။ ယန်မိသားစုက သူ(မ)သမီးလေးကို ကောင်းကောင်းမွန်မွန် ဆက်ဆံအောင်လို့လဲ သူတို့ရှေ့မှာဆို သူ(မ)က နှိမ့်ချပြီးနေလာခဲ့ရတာ။ ပရောဂျက်တစ်ခုလုံးကနေရမယ့် အကျိုးမြတ်တွေကိုတောင် ယန်မိသားစုဆီ ပေးခဲ့တာ။ အခုတော့ သူ့(မ)သမီးက ယန်ကျင်းချန်းကို မကြိုက်တော့ဘူးဆိုတော့ ယန်မိသားစုက သူ(မ)အတွက် ဘာမှ မဟုတ်တော့ဘူး။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Место, где живут истории. Откройте их для себя