အခန်း ( ၁၁ ) အန္တာရာယ်ရှိတဲ့ လူ

82 8 0
                                    

      သူ(မ) ခန်းစီးကို အသာဖွင့်ကြည့်လိုက်တော့ အပြင်မှာဖြတ်သွားတဲ့ အရိပ်မဲအချို့ကို တွေ့လိုက်ရသည်။ တိုးညင်းတဲ့အသံကြားလိုက်ရလို့ သူ(မ)နားစိုက်ထောင်လိုက်တဲ့အခါ အဲ့ဒါက အသံတိတ်သေနတ်နဲ့ ပစ်လိုက်တဲ့အသံ ဖြစ်နေတယ်။

     အသံက တိုးလွန်းတယ်။ သူ(မ)သာ အရင်ဘ၀က အထူးလေ့ကျင့်မှုတွေသာ မလုပ်ခဲ့ရင် ဒါကို သတိထားမိမှာ မဟုတ်ဘူး။

     အရိပ်မဲတစ်ခုက စုန့်ချူးရန်အခန်းဆီ ဦးတည်ပြီးသွားနေသည်။ သူ(မ) , မလှုပ်ရှားရသေးခင် ထိုလူက အခန်းထဲက ပြန်ထွက်လာတယ်။ လက်ထဲမှာတော့ တစ်စုံတစ်ခုကို ကိုင်ထားပုံပဲ။

     ဘယ်သူမှ ကြည့်မနေတာကို အခွင့်ကောင်းယူပြီး သူ(မ)ပြတင်းပေါက်က ခုန်ချကာ ခြံ၀န်းဆီကိုသွားလိုက်သည်။ သူ(မ)ရဲ့လှုပ်ရှားမှုတွေက လျှင်မြန်ပြီး ဖျက်လတ်တယ်ဆိုပေမယ့် သူ(မ)ရဲ့အခုလက်ရှိကိုယ်အလေးချိန်ကို မေ့နေခဲ့တဲ့အတွက် မြေပြင်ပေါ် အကျနာလေသည်။ ကံကောင်းတာက သူ(မ)ကိုယ်မှာ အသားပေါတဲ့အတွက် နာကျင်မှု အနည်းငယ်ကလွဲလို့ တစ်ခြားအနာတရ မဖြစ်ဘူး။

     သူ(မ) ထပြီး အနက်၀တ်နဲ့လူနောက်ကို လိုက်တော့သည်။ ဒီမြင်ကွင်းကို စုန့်ယိုယိုက မြင်သွားလေသည်။

     စုန့်အိမ်တော်ကနေ ထွက်ထွက်ချင်းပဲ ထိုလူတွေ သူ့(မ)ကို တွေ့သွားတာကြောင့် ချက်ချင်း လမ်းကြားထဲ၀င်ကာ ပုန်းလိုက်သည်။

     သူတို့ခြေလှမ်းတွေက တဖြည်းဖြည်းနီးလာသည်။ ဒါပေမယ့် သူ(မ) , မကြောက်ပါဘူး။ အခုလေးတင် ကောက်ထားတဲ့ အုတ်နီခဲကို ကိုင်ထားပြီး ထိုလူကို အသေဆော်ဖို့ရာ အဆင်သင့် ဖြစ်နေပြီ။

     သိပ်မကြာခင်ပဲ ခြေထောက်တစ်စုံ သူ(မ)ရှေ့ရောက်လာသည်။ လက်ထဲက အုတ်ခဲကို မြှောက်ပြီး ထိုလူရဲ့လည်ပင်းနောက်က သေစေနိုင်တဲ့နေရာကို သေသေချာချာချိန်ပြီး လွှဲရိုက်ပစ်လိုက်တယ်။

     ထိုသူ့ကို ရိုက်မိတဲ့အခါ တစ်ခုခု မှားနေတယ်ဆိုတာ သူ(မ) သိလိုက်ရသည်။ ထိုလူက သေသွားတယ် ဆိုပေမယ့် သူ(မ)လက်ချက်ကြောင့်တော့ မဟုတ်ဘူး။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Où les histoires vivent. Découvrez maintenant