အခန်း ( ၄၅ ) ကုမ္ပဏီထဲက ပြဿနာ

94 12 0
                                    

     စုန့်ကျားရန်က စုန့်ယိုယိုကို အေးတိအေးစက်နဲ့ ကြည့်လိုက်ပြီး " ငါက နင့်ရဲ့ညီမ မဟုတ်ဘူး။ နင့်ရဲ့ အမေအစစ်ကို ရှာမတွေ့သေးဘူးလား ? "

     စုန့်ယိုယို သူ့(မ)မျက်နှာပေါ်က အပြုံးကိုတောင် ဆက်မထိန်းထားနိုင်တော့ဘူး။ ဒီရက်အတောတွင်းမှာ သူ(မ)က ဂူရှို့ဆိုတဲ့အမျိုးသမီးနဲ့ အတင်းကြပ်နေခဲ့ရတယ် ဒီရိုင်းစိုင်းတဲ့ အမျိုးသမီးနေရတာ တော်သင့်နေပြီ။

     စုန့်ကျားရန်က ၀မ်ယောင်ထျန်ကို ကြည့်လိုက်ပြီး " ကျွန်မသာ ရှင့်နေရာမှာဆိုရင် အေးအေးဆေးဆေးနေမှာ မဟုတ်ဘူး။ ဘာလို့ဆိုတော့ ဆင်ခြေဖုံး ပရောဂျက်က စတော့မယ်။ ကျွန်မကြားသလောက်ကတော့ အစိုးရဘက်က ဘာခြေလှမ်းမှ မစသေးဘူး။ "

     ၀မ်ယောင်ထျန်က " မင်း တစ်ခုခု သိထားတာလား ? "

     စုန့်ကျားရန်က လှောင်ရယ်ကာ " မြန်မြန်သွားပြီး ကြည့်ဖို့ ကျွန်မက ရှင့်ကို အကြံပေးချင်တယ်။ ဒီလိုမြေလေးလက်တောက်လောက်ကို ရှင့်လက်ထဲမှာ မကျန်စေနဲ့။ "

     ၀မ်ယောင်ထျန်တစ်ယောက် စုန်မိသားစု ရှယ်ယာကိုတောင် ဂရုမစိုက်နိုင်တော့ပဲ ချက်ချင်းပြေးထွက်သွားသည်။ သူ့ဘေးပတ်၀န်းကျင်က လူတွေရဲ့ ချီးကျူးမှု ခံရပြီးတဲ့နောက် သူ့ရဲ့ကျေနပ်နေတဲ့ စိတ်အခြေနေက လုံး၀အောက်ထဲထိုးကျသွားသည်။ အစိုးရသာ ဒီမြေကို မယူဘူးဆိုရင် သူအရာအားလုံး ဆုံးရှုံးရလိမ့်မယ်။

     သူ(မ)အဖေရဲ့ထောက်ပံ့မှုလဲ မရှိတော့ရော စုန့်ယိုယိုက ခြေဆောင့်ကာ ထွက်သွားတော့သည်။ သူ(မ)သာ ဒီထပ်ပိုကြာကြာနေရင် အထုထောင်းခံရလိမ့်မယ်။

     စုန့်ကျားရန်က သူတို့ရဲ့နောက်ကျောတွေကို တွေတွေဝေဝေနဲ့ ကြည့်နေတယ်။ ကြည့်ရတာ သူ(မ)ဆွဲထားတဲ့ အစီစဥ်တွေကို အရှိန်တင်မှဖြစ်တော့မယ်။ အဲ့လိုမှ မဟုတ်ရင် ဒီလူတွေ သူ(မ)ရှေ့မှာ လာလာပြီး ပြဿနာရှာနေတာက သိပ်စိတ်ရှုပ်ဖို့ကောင်းတာပဲ။

     စုန့်မေ့ယွီက သူ(မ)သမီးရဲ့ လက်လေးကို ကိုင်လိုက်ပြီး သူ့(မ)ရဲ့မျက်နှာလေးကို ကိုင်ကြည့်ချင်ပေမယ့် မလုပ်ရဲဘူး။ သူ(မ)က စိုးရိမ်စွာနဲ့ " ကျားရန် သမီးမျက်နှာက ဘာဖြစ်တာလဲ ? သမီး ထိခိုက်ထားတာလား ? "

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) जहाँ कहानियाँ रहती हैं। अभी खोजें