အခန်း ( ၂၈ ) စုန့်မိသားစုကနေ ထွက်သွား

112 10 0
                                    

     စုန့်မေ့ယွီက နောက်လှည့်ပြီး စုန့်ချူးရန်ကို စူးစူးဝါးဝါးကြည့်ကာ " ပါးစပ်ပိတ်ထားစမ်း။ စကားနောက်တစ်ခွန်း ထပ်ပြောရဲပြောကြည့် အဲ့တာဆို သူ(မ)နဲ့အတူ ထွက်သွားလိုက်တော့။ "

     တစ်ယောက်မှ စုန့်မေ့ယွီ ဘာပြောလဲဆိုတာ နားမလည်ကြဘူး။

     အပြစ်ရှိစိတ်နဲ့ စိတ်ပျက်မှုတွေကို သူ(မ)မျက်နှာပေါ်က ဖယ်ရှားလိုက်ရင်း သူ့(မ)မိသားစုကို ကာကွယ်ချင်တဲ့ စစ်သည်တစ်ဦးလိုပဲ အေးစက်စွာနဲ့ စုန့်ယိုယိုကို စိုက်ကြည့်ရင်း " ငါ စုန့်မေ့ယွီက နင့်ကို စိတ်မပျက်စေခဲ့ဘူးဆိုတာ ၀န်ခံတယ်။ ဒါပေမယ့် နင်က ငါ့သမီးက ရက်ရက်စက်စက် အန္တရာယ်ပြုခဲ့တယ်။ ဒီနေ့ကစပြီး နင်က စုန့်မိသားစု၀င် မဟုတ်တော့ဘူး။ ဒီနေ့ညပဲ ထွက်သွားတော့။ နှစ်ပေါင်းများစွာ မိသားစုဖြစ်ခဲ့တာကို ထောက်ထားပြီး နင်အရင်က လုပ်ခဲ့တာတွေအတွက် ငါအရေးမယူဘူး။ ဒါပေမယ့် နောင်အနာဂတ်မှာ ကျားရန်ကို တစ်ခုခုလုပ်ရင်တော့ မင်းနောင်တရသွားအောင် ငါသေချာပေါက်လုပ်မှာ။ "

     ၀မ်ယောင်ထျန်က ငြိမ်ငြိမ်ဆက်မနေနိုင်တော့ပဲ မြန်မြန်ပြောလိုက်သည်။

     " မေ့ယွီ မင်းဘာလို့ ဒီလိုလုပ်ရတာလဲ ? မင်း သူပြောတဲ့ တစ်ဖက်သက် စကားတွေကိုပဲ နားထောင်လို့ မဖြစ်ဘူးလေ။ "

     စုန့်မေ့ယွီရဲ့ စိုက်ကြည့်မှုခံရမှ သူက စကားပြန်ပြင်လေသည်။

     " အဲ့တာကမှန်နေရင်တောင်မှ ဒါက ကလေးတွေကြားက ကျီစားမှုတစ်ခုပဲလေ။ ပြီးတော့ သူ(မ)(စုန့်ကျားရန်)ကလဲ အဆင်ပြေနေတာပဲကို။ "

     ဘေးလူဖြစ်တဲ့ ၀မ်လင်တောင်မှ သူ့စကားတွေကြောင့် အံ့အားသင့်သွားတယ်။ ဒီလိုအဖေမျိုးက ရှိသေးတာလား ?

     စုန့်မေ့ယွီက ၀မ်ယောင်ထျန်ရဲ့ ပုံစံအစစ်မှန်ကို ပထမဆုံးအနေနဲ့ တွေ့လိုက်ရတဲ့ အတိုင်းပဲ သူမမျက်၀န်းတွေထဲမှ စိတ်ပျက်မှုအတိုင်းသားပေါ်လွင်နေတယ်။

     " သူ(မ)အတွက် အသနားခံတဲ့ ဘယ်သူမဆို သူ(မ)နဲ့အတူ စုန့်မိသားစုကနေ ထွက်သွား "

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Onde as histórias ganham vida. Descobre agora