အခန်း ( ၄၀ ) မစ္စတာချန် တစ်ခုခုဖြစ်နေတယ်

88 10 0
                                    

     ၀မ်ယောင်ထျန်က စုန့်မေ့ယွီကို အထင်သေးတဲ့အကြည့်တွေနဲ့ ကြည့်လာပြီး " ကဲ ကိစ္စတွေက ဒီလိုတွေ ဖြစ်လာမှတော့ ငါလဲဆက်ပြီး ဖုံးမထားတော့ပါဘူး။ အဲ့ဒါကို ငါလုပ်ခဲ့တာ။ "

     စုန့်ကျားရန်က ဒီကိစ္စတွေကို မသိဘူး။ ဒါပေမယ့် စုန့်မေ့ယွီ ထိတ်လန့်သွားတဲ့ အမူရာကိုမြင်လိုက်ရတော့ သူ့(မ)ကို တွဲပြီး ဆိုဖာပေါ်မှာ ထိုင်ခိုင်းလိုက်တယ်။ သူ(မ)က ၀မ်ယောင်ထျန်ဘက်ကို လှည့်လိုက်ပြီး " စုန့်မိသားစုကပေးကမ်းတယ်လို့ပဲ သဘောထားပြီး ဒီပိုက်ဆံတွေကို ယူသွားလိုက်။ ဒီငွေတွေကို ပြန်ပေးစရာမလိုဘူး။ ဒါပေမယ့် ဆင်ခြေဖုံးက ဆေးပရောဂျက်နဲ့ ရှင့်သားကြားမှာတော့ ရှင်တစ်ခုကိုပဲ ရွေးလို့ရမယ်။ "

      ၀မ်ယောင်ထျန် ပြန်မပြောခင်မှာပဲ စုန့်ကျားရန်က ဆက်ပြောလေသည်။

     " ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့လမ်းခွဲခြင်းက ကျွန်မတို့အတွက် ပိုကောင်းလိမ့်မယ်။ ဒါမှမဟုတ်ပဲ ရှင်ကျွန်မတို့ကို အတင်းချောင်ပိတ်လို့ကတော့ ရှင့်အတွက်လဲ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။ "

     စုန့်မေ့ယွီကတော့ ၀မ်ယောင်ထျန်တစ်ယောက် စုန့်ချူးရန်ကို ခေါ်သွားမှာ ကြောက်တဲ့အတွက် စိတ်လှုပ်ရှားစွာနဲ့ စုန့်ကျားရန်လက်ကို ဆွဲလိုက်တယ်။

     ၀မ်ယောင်ထျန်က စုန့်ကျားရန်ကို ကြည့်နေရင်း ခဏလောက်စဥ်းစားကာ ပြောလာသည်။

     " ဆင်ခြေဖုံးက ပရောဂျက်ကို ငါလိုချင်တယ် "

     စုန့်ကျားရန်က ဒီအဖြေကိုကြားရလို့ မအံ့သြပါဘူး။ သူ(မ)က တခြားကွာရှင်းစာချုပ်တစ်ခုကို ထပ်ပြီးထုတ်လိုက်တယ်။ အဲ့စာချုပ်ထဲပါတဲ့ တောင်းဆိုချက်တွေက သူ(မ)တို့တွေ သဘောတူထားတဲ့အတိုင်းကွက်တိပဲ " လက်မှတ်ထိုးလိုက် "

     အဲ့တာက ၀မ်ယောင်ထျန်ရဲ့လှုပ်ရှားမှုတိုင်းဟာ စုန့်ကျားရန်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေတဲ့အတိုင်းပဲ။ အဲ့တာက ၀မ်ယောင်ထျန်ကို စိတ်မသက်မသာ ဖြစ်စေတယ်။ ဒါပေမယ့်လဲ ဖြားယောင်းဆွဲဆောင်မှုရဲ့ ရှေ့မှောက်မှာ သူ့လက်မှတ်ကို ရေးထိုးခဲ့တယ်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) जहाँ कहानियाँ रहती हैं। अभी खोजें