အခန်း ( ၄၉ ) မသင်္ကာစရာ အဓိပ္ပာယ်

112 12 0
                                    

     သူ(မ) ခြေဦးတည့်ရာ လျှောက်သွားရင်း ရုတ်တရက် ရင်းနှီးတဲ့ပုံရိပ်လေး ဖြတ်သွားတာတွေ့လိုက်သည်။ သူ(မ) အဲ့ဒီလူနောက်ကို လိုက်ရင်းနဲ့ ၀မ်ချင်း ကျောင်းအုပ်ကြီး ရုံးခန်းထဲ ၀င်သွားတာကို တွေ့လိုက်ရတယ်။ သူက ဒီမှာဘာလုပ်နေတာလဲ ? သူကအမြဲ ယန်ချန်နဲ့ အနီးကပ်နေတာပါ။ မဟုတ်မှလွဲရော ယန်ချန်ရော ရောက်နေတာများလား ?

     သူ(မ) စိတ်လှုပ်ရှားစွာနဲ့ ရှေ့ကြည့်လိုက် နောက်ကြည့်လိုက် လုပ်နေသည်။ ယန်ချန်ကို မတွေ့တော့ သူ(မ) စိတ်သက်သာရာရသွားသည်။ အခုတလော ယန်ချန်က သူ့(မ)ကို ပိုပိုပြီး ထူးထူးဆန်းဆန်းနဲ့ ကြည့်နေတတ်တယ်။ အဲ့အကြည့်က သားရဲကောင်ကြီး သူ့(မ)ကို ပစ်မှတ်ထားနေသလို ခံစားရစေတယ်။

~

     ညဘက်ရောက်တော့ ကျောင်းသားတွေက ပွဲတက်၀တ်စုံကို ၀တ်ဆင်လိုက်ကြပြီး ခန်းမဆီကို ရောက်လာကြတယ်။ ကျောင်း၀န်းကြီး တစ်ခုလုံးက ရယ်မောသံတွေနဲ့ လွှမ်းခြုံနေချိန်မှာတော့ စုန့်ယိုယိုက တံခါးနားမှာရပ်ပြီး ဘေးပတ်လည်ကိုလိုက်ကြည့်နေတယ်။

     အချိန်တွေ ကုန်လာတာနဲ့အမျှ မြူးကြွတဲ့သီချင်းသံ တွေကို ခန်းမထဲမှာ ကြားနေရတယ်။ စုန့်ယိုယို ဒေါသတကြီးနဲ့ ခြေထောက်စောင့်လိုက်သည်။ စုန့်ကျားရန်က မလာဘူးလား ?

     ယန်ကျင်းချန်း တစ်ခြားမိန်းကလေးတွေရဲ့ မြူစွယ်တာ ခံလိုက်ရမှာစိုးတဲ့အတွက်ကြောင့် သူ(မ) စုန့်ကျားရန်ကို ဂရုမစိုက်အားတော့ပဲ ခန်းမဆီကို အမြန်ပြေးတော့သည်။ ခန်းမထဲက မိန်းကလေးတွေ အကုန်လုံးက ခန်းမအလယ်က အမျိုးသားအချို့ကို မျက်စိကျနေကြတယ်။ ကျောင်းရဲ့ ကိုလူချောလေးတွေကို တစ်နေရာထဲမြင်ရတာ ရှားပါးတဲ့အတွက် မိန်းကလေးတွေက ကြည့်ချင်နေကြတာက ပုံမှန်ပါပဲလေ။

     စုန့်ချူးရန် တစ်ယောက်ကတော့ တံခါးပေါက်ဆီကိုပဲ လှည့်ကြည့် လှည့်ကြည့်လုပ်နေတယ်။ ကျန်းရယ်က သူ့ကို ကြည့်ပြီး စလေသည်။

     " မင်း ဘာဖြစ်နေတာလဲ ? မင်းရဲ့ကောင်မလေးအကြောင်းကို တွေးနေတာလား ? "

     စုန့်ချူးရန်က နဲနဲစိတ်ရှုပ်ထွေးသွားတယ်။ သူက ကျောင်းမှာပျံ့နေတဲ့ ကောလဟာလတွေကို မသိသေးဘူးလေ။ ကျန်းရယ် ရှင်းပြတာကို ကြားပြီးတဲ့အခါ စုန့်ချူးရန် ရယ်လိုက်ပေမယ့် သူ့သူငယ်ချင်းကိုတော့ အကျိုးကြောင်း မရှင်းပြလိုက်ဘူး။ အဲ့မိန်းကလေးအကြောင်းကို ကျန်းရယ်က အရမ်းသိချင်နေတာ။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now