အခန်း ( ၃၃ ) နာခံမှုရှိသော လူငယ်လေး

102 9 0
                                    

    သူ့ရဲ့မျက်၀န်းထဲမှာ စိတ်ပျက်မှုတွေနဲ့ သူက ဓာတ်ဘူးကို ( စားစရာများကို ပူနွေးနေအောင်ထည့်သောဘူး ) ညှိုးငယ်စွာနဲ့ ဖက်ထားလိုက်သည်။ သူ့ကိုကြည့်ရတာ သခင်ထားသွားတာခံရတဲ့ ခွေးပေါက်လေးအတိုင်းပဲ။ စုန့်ကျားရန်က အပြင်ကနေ သူ့ကိုကြည့်နေရင်း သူ့ရဲ့ဒီပုံစံက ပိုပြီးမျက်စိပသာဒဖြစ်တယ်လို့ သူ(မ) တွေးလိုက်မိသည်။

     သူ(မ)က နောက်တစ်ကြိမ် အခန်းထဲပြန်၀င်လာပြီး သူ့ကုတင်ဘေးမှာထိုင်ဖို့ ထိုင်ခုံကိုဆွဲထုတ်လိုက်တယ်။ သူ့(မ)ရဲ့လက်ထဲက ဓာတ်ဘူးကို ယူလိုက်ပြီးတော့ ဇလုံထဲကို ဘူးထဲကဆန်ပြုတ်တွေ လောင်းထည့်လိုက်တယ်။ ပြီးတော့ အထဲကဟင်းခွက်တွေကိုပါ ထုတ်လိုက်ပြီး သူ့ရှေ့က စားပွဲလေးပေါ်မှာတင်လိုက်သည်။

     " စားတော့ "

     သူ့ကို တူတစ်စုံ ကမ်းပေးလိုက်သည်။

     စုန့်ချူးရန်က တစ်ချိန်လုံး သူ(မ)ဘာလုပ်နေတာလဲကို ကြည့်နေသည်။ သူ့မျက်လုံးတွေက နီလာပေမယ့်(မျက်ရည်၀ဲ) သူ့(မ)ကိုတော့ မြင်ခွင့်မပေးရဲဘူး။ တူကိုမြန်မြန်ဆွဲယူလိုက်ပြီး ခေါင်းကိုငုံ့လိုက်ကာ စားဖို့လုပ်သည်။

     စုန့်ကျားရန်ကတော့ သူ့ကို တွေဝေတဲ့အကြည့်နဲ့ ကြည့်နေသည်။ သူ(မ) ဘာတွေတွေးနေလဲ ဘယ်သူမှ မသိနိုင်ဘူး။ သူက စားပြီးတဲ့အခါ ထမင်းဘူးကို ဓာတ်ဘူးထဲ ပြန်ထည့်လိုက်သည်။ 

     " နင်ဘာလို့ နောက်တစ်ခေါက်ပြန်လာတာလဲ ? "လို့ စုန့်ချူးရန်က မေးလာတဲ့အခါမှာ သူ့ရဲ့မျက်နှာမှာက မာနကြီးတဲ့ပုံစံရှိနေတုန်းပဲ။ စုန့်ကျားရန်က ခပ်တည်တည်နဲ့ " လူတစ်ယောက်ကလေ အရမ်းတွေငိုထားတော့ သူမေ့လဲသွားမှာ ငါစိုးရိမ်လို့ပါ "

     စုန့်ချူးရန်က ရှက်သွေးဖြန်းသွားကာ " ဘယ်သူ ... ဘယ်သူက ငိုလို့လဲ ? "

     ရုတ်တရက် စုန့်ကျားရန်က ယုတ်မာတဲ့အပြုံးကြီးနဲ့ သူ့နားကိုကပ်လာသည်။

     စုန့်ချူးရန်က နံရံမှာ သူ့ကျောကုန်းကပ်သွားသည်အထိ ခြေတစ်လှမ်းခြင်းစီ နောက်ဆုတ်သွားသည်။ သူနောက်ကို ထပ်ပြီးဆုတ်လို့မရတော့ဘူး။ သူက စိတ်လှုပ်ရှားစွာနဲ့ တံတွေးမြိုချလိုက်ပြီး စကားတွေထစ်ကုန်ကာ " ဘာ .... နင်ဘာလုပ်မလို့လဲ ? "

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now