အခန်း ( ၂၆ ) စုန့်မိသားစု တွေ့ဆုံပွဲ

87 10 0
                                    

     ဒါပေမယ့် စုန့်မေ့ယွီက စုန့်ကျားရန်ကို ဒေါသထွက်တာ မဟုတ်ပဲ သူ့ဒေါသက ၀မ်ယောင်ထျန်ကို ဦးတည်နေတာပါ။

     " ကျားရန်က ကျွန်မတစ်ယောက်ထဲရဲ့ သမီးလား ? သူ(မ)ရဲ့ အဖေအနေနဲ့ ရှင်ဘာပြောလဲဆိုတာကို သတိထားသင့်တာပေါ့။ ကျွန်မကတော့ အခုကျားရန်က လိမ္မာနေတယ်လို့ ထင်တယ်။ "

     စုန့်ကျားရန် ပြုံးလိုက်မိသည်။ သူ(မ)အမေက အရမ်းမိုက်တာပဲ။

     ဒါပေမယ့် ၀မ်ယောင်ထျန်ရဲ့ လုပ်ရပ်တွေက သူ့(မ)ကို ထိတ်လန့်စေတယ်။ သူက ပိုပိုပြီး စိတ်ကြီး၀င်လာတယ်။ သူက သူ(မ)အမေကိုတောင် အသံကျယ်ကျယ်နဲ့ ပြန်ပြောရဲနေပြီ။ ကြည့်ရတာ သူ့မှာ အင်အားကြီး နောက်ခံကောင်းရှိနေပြီ ထင်တယ်။

     ၀မ်ယောင်ထျန်က ဒေါသတကြီးနဲ့ ထွက်သွားဖို့လုပ်တဲ့အခါ စုန့်ကျားရန်က လှမ်းတားလေသည်။

     " မသွားသေးနဲ့ဦး သမီးမှာ ကြောညာစရာ ကိစ္စတွေ ရှိသေးတယ် "

     အကုန်လုံးက သူ့(မ)ကို လှည့်ကြည့်လာတဲ့အခါ " သမီးဒီနေ့ တစ်စုံတစ်ယောက်နဲ့ စာရင်းရှင်းစရာ ရှိတယ် "

     စုန့်ယိုယို တစ်ယောက်သာလျှင် ဒီကိစ္စနဲ့ပတ်သက်ပြီး ခံစားချက်တွေ မကောင်းဖြစ်နေတာ။ ထင်ထားတဲ့အတိုင်း စုန့်ကျားရန်က သူ့(မ)ကို ကြည့်လာတဲ့အခါ သူ(မ)ဆီဘာလာမလဲဆိုတာ သူ(မ)သိသည်။ ဒါပေမယ့် သူ(မ)က မကြောက်ပါဘူး။

     စုန့်ယိုယိုရဲ့ တည်ငြိမ်နေမှုကြောင့် စုန့်ကျားရန် အံ့သြမှုနဲ့ မျက်ခုံးပင့်တက်သွားသည်။

     " စုန့်ယိုယို နင်ငါ့ကို ဘယ်လိုသတ်ဖို့လုပ်တယ်ဆိုတာ ငါ့ကို ဖြေရှင်းချက်ပေးရမှာ မဟုတ်ဘူးလား ? "

     သူ(မ)ရဲ့ စကားဆုံးတာနဲ့ စုန့်ယိုယိုရဲ့ မျက်လုံးတွေက ရဲတက်လာသည်။ သူ(မ)ရဲ့ အလွယ်တကူငိုနိုင်တဲ့ စွမ်းရည်ကို စုန့်ကျားရန်ကတော့ လက်လန်မိသည်။

     စုန့်ယိုယိုက ကြောက်ရွံ့နေပုံနဲ့ " ကျားရန် ဘာလို့အဲ့လို ကြောက်စရာစကားတွေ ပြောထွက်ရတာလဲ။ တို့က ဘယ်လိုလုပ် .... တို့က ဘယ်လိုလုပ်ပြီး ကျားရန်ကို သတ်ဖို့လုပ်မှာလဲ ? "

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now