အခန်း ( ၂၉ ) လျှို့၀ှက် ပူးပေါင်းကြံစည်မှု

82 11 0
                                    

     သူ(မ)လှည့်လိုက်တဲ့အချိန်မှာပဲ သူ(မ)လက်ထဲက လိပ်ရုပ်လေးဟာ ပြုတ်ကျသွားလေသည်။ ကြမ်းပြင်မှာ အခင်းကတော့ ရှိနေပေမယ့် လိပ်လေးကတော့ ကျိုးပဲ့သွားပြီ။

     သူတို့ကြားကလေထုက ကသိကအောက်နိုင်နေတယ်။

     ၀ှီးချဲလ်ကို တွန်းလာတဲ့ ၀မ်ချင်းက ကြမ်းပြင်ပေါ်က လိပ်အကျိုးပဲ့လေးကို ကြည့်လိုက်သည်။ သူက သူ့(မ)ကို စိုက်ကြည့်ပြီး ပြောမလို့ကြံလိုက်ပေမယ့် ၀မ်ချင်းက တားလေသည်။

     စုန့်ကျားရန်က သူတို့နှစ်ယောက်ကြားက အပြန်လှန်ဆက်သွယ်နေမှုကို သတိမထားမိပါဘဲနဲ့ သူ(မ)က ဝှီးချဲလ်ပေါ်က ယန်ချန်ကို လက်ဝှေ့ပြရင်း " ဟိုင်း မတွေ့ရတာ ကြာပြီနော် "

     ဒီစကားတွေ သူ(မ)ပါးစပ်ကထွက်ထွက်ခြင်းပဲ သူ(မ)က သေလောက်တဲ့အထိ ပါးရိုက်ခံရသလို ခံစားလိုက်ရတယ်။ ဒါကဘယ်လို စကားမျိုးကြီးလဲ။ သူတို့တွေက ဒီမှာတွေ့ဖို့ ချိန်းထားပြီးသားပဲကို။

     ထင်ထားတဲ့အတိုင်း ယန်ချန်က ရယ်လာတယ်။

     " မိန်းကလေးစုန့်ကတော့ အချိန်တိုင်း ကျွန်တော့်ကို အံ့အားသင့်စေတာပဲ "

     စုန့်ကျားရန်လဲ ရယ်လိုက်မိတယ်။

     ယန်ချန်က ကြမ်းပြင်ပေါ်က လိပ်လေးကို တစ်ချက်လောက်ကြည့်ပြီး ဘာမှမပြောဘူး။ သူကအခန်းထဲကို၀င်ပြီးတော့ သူ့(မ)ကို ထိုင်ခိုင်းလိုက်တယ်။ သူ(မ)က ဒီရှက်စရာအဖြစ်ပျက်ကို မေ့ပစ်ဖို့ မစောင့်နိုင်တော့ဘူး။

     စုန့်ကျားရန်က မြန်မြန်ထိုင်လိုက်ပြီး " အရင်တစ်ခေါက်က ရှင်ပြောခဲ့တဲ့ကိစ္စတွေက ဘာများလဲ ? "

     ယန်ချန်က သူ့(မ)ကို ကြည့်ကာ အကဲဖြတ်လိုက်ပြီး " ကျွန်တော်တို့ မတွေ့ရတာ တစ်ရက်ပဲ ရှိသေးပေမယ့် မိန်းကလေးစုန့်က ပိုပိုလှလာပါ့လား ? "

     ဒီစကားတွေက မုသား မဟုတ်ပါဘူး။ စုန့်ကျားရန်က အရင်လို အရမ်း၀နေသေးပေမယ့် သူ(မ)ရုပ်ရည်ကို ခြံငုံကြည့်ရင်တော့ အရင်ကလို ငြိုးငယ်နေတဲ့ရုပ်နဲ့တော့ လုံးလုံးကွာခြားသွားပြီလေ။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now