အခန်း ( ၃၀ ) ငါ့ရဲ့ လျော်ကြေး

102 12 0
                                    

     စာရွက်ပေါ်က အကြောင်းရာတွေကို စုန့်ကျားရန်တွေ့တဲ့အခါ သူ(မ)က ၀မ်ယောင်ထျန်ဆီကို အမြန်ပြေးပြီး ပါးရိုက်လိုက်ချင်မိသွားသည်။ သူက အကွက်ချစီစဥ်နေတာကို သူ(မ) ခန့်မှန်းမိပေမယ့် သူကဒီလိုမျိုး အရှက်မရှိတာကိုတော့ သူ(မ) , မထင်ထားခဲ့မိဘူး။

     တကယ်တမ်းကျတော့ စုန့်ယိုယိုက ၀မ်ယောင်ထျန်ရဲ့ သမီးရင်းပဲ။ ဘာကို မွေးစားသမီးတဲ့လဲ ဒါတွေအားလုံးက အလိမ်တွေချည်းပဲကို။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ထဲက စတင်လာခဲ့တဲ့လိမ်လည်မှုတစ်ခု။ မဟုတ်ဘူး ကြည့်ရတာ အဲ့ဒီထပ်တောင်စောလိမ့်မယ်ထင်တယ်။ ဖြစ်နိုင်တာက သူနဲ့ စုန့်မေ့ယွီတို့ လက်ထပ်တဲ့အချိန်ထဲက စတင်ကြံစည်နေခဲ့တာလား ?

     ရှစ်နှစ်အတွင်းမှာ သူကကျင်းရှန်း ကော်ပိုရေးရှင်းကြီးကို အပြောင်ရှင်းပစ်တာများလား။ ကျင်းရှန်း ကော်ပိုရေးရှင်းဆိုတာက စုန့်မေ့ယွီ တစ်ယောက်ထဲကနေ တည်ထောင်ခဲ့တာ။ သူ(မ)ယောကျာ်းဟာ သူ့(မ)ကို သစ္စာဖောက်ယုံတင်မက အပြင်လူတွေနဲ့ပေါင်းပြီး ကုမ္ပဏီတစ်ခုလုံးကို အပြောင်ရှင်းနေတာကိုသာ သူ(မ)သိသွားခဲ့ရင်တော့ သူ(မ)ဘယ်လောက်ကြီးကြီးမားမားခံစားလိမ့်မလဲ။

     သူ(မ)လက်ထဲက စာရွက်တွေကို ရုတ်တရက်ပဲ ပိတ်ချလိုက်တယ်။ စုန့်မေ့ယွီသာ အမှန်တရားတွေကို သိသွားခဲ့ရင် သူ(မ)က ခံနိုင်ရည်ရှိပါ့မလားဆိုတာ သူ တကယ်ကို မသိတော့ဘူး။ သူ(မ)ချစ်မြတ်နိုးတဲ့ ယောကျာ်းဟာ သူ့(မ)ကိုတောက်လျှောက်လိမ်နေခဲ့တာ။
သူ(မ)ရဲ့ သမီးအရင်းလေးလို ကျွေးမွေးစောင့်ရှောက်ခဲ့ရတဲ့ မွေးစားသမီးကလဲ သူ့(မ)ယောကျာ်းရဲ့ တရားမ၀င်သမီး ဖြစ်နေတယ်။ ပြီးတော့ သူ(မ)ရဲ့ ကုမ္ပဏီ......

     ယန်ချန်က ဆေးလိပ်ကို အသာထုတ်လိုက်ပြီး
" မင်းရဲ့မိသားစုက တကယ့်ကို ရှုပ်ထွေးလှပါလား။ ငါ ဒါကို စသိတုန်းကဆိုလဲ အရမ်းအံ့အားသင့်သွားရတာ။ "

     စုန့်ကျားရန်ကတော့ သူနဲ့ဟာသပြောဖို့ စိတ်မပါဘူး။

     သူ့ရဲ့ထေ့ငေါ့နေတဲ့ စကားတွေ ကြားလိုက်ရတော့ သူ(မ)က လှောင်ရယ်လိုက်သည်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now