အခန်း ( ၃၂ ) မိသားစုပိုင် ပစ္စည်းတွေကို အပိုင်စီးခြင်း

128 13 0
                                    

     စုန့်ချူးရန်က ဒေါသထွက်စွာနဲ့ " စုန့်ကျားရန် နင်က ယိုယို့ကို အကွက်ချယုံတင်မက သူ့(မ)ကိုအိမ်ကနေပါ မောင်းထုတ်ပစ်တယ်။ အခုတော့ နင်က ငါ့ကိုပါ နှင်ထုတ်ချင်နေပြီပေါ့လေ။ "

     " ငါသိပြီ။ သူတို့ကမှန်နေတာပဲ။ နင်က စုန့်မိသားစုပိုင်ပစ္စည်းတွေကို လိုချင်နေတာကိုး။ အဲ့တာကြောင့်မို့ ငါတို့ကို မောင်းထုတ်တာ။ "

     စုန့်မေ့ယွီက ရုတ်တရက် သူ့ကို ပါးရိုက်လိုက်ပြီး ဒေါသထွက်စွာပြောလေသည်။

     " ဘယ်လိုလုပ်ပြီး ဒီလိုစကားတွေပြောထွက်ရတာလဲ ? သူက သားရဲ့ သွေးသားရင်း အစ်မလေ။ "

     ဒါက စုန့်ချူးရန်တစ်ယောက် ဒုတိယအကြိမ်မြောက် ပါးရိုက်ခံရတာပဲ။ သူ့ပါးကိုကိုင်ပြီး ပြန်ခံပြောချင်မိတယ်။ ဒါပေမယ့် စုန့်မေ့ယွီမျက်နှာပေါ်မှာ မျက်ရည်တွေ မြင်လိုက်ရတဲ့အခါမှာတော့ ရပ်တန့်သွားသည်။ ဒါက ပထမဆုံးအကြိမ် စုန့်ချူးရန် သူ့အမေငိုတာကို မြင်ဖူးတာပဲ။

     သူကလေးဘ၀ထဲက သူ့ရဲ့ရင်ထဲမှာ သူ(မ)ဟာ စိတ်ဓာတ်မာကြောပြီး အမှီခိုကင်းတဲ့သူဖြစ်တယ်။ ဘယ်အရာကမှ သူ့(မ)ကို မဖြိုလှဲ၊မဖျက်ဆီးနိုင်တဲ့အတိုင်းပဲ။ ရုတ်တရက် သူ(မ)ရဲ့အားနွဲ့တဲ့ဘက်ခြမ်းကို ထုတ်ပြလာတဲ့အခါ စုန့်ချူးရန် လန့်ဖြန့်သွားသည်။

     သူက မြန်မြန်ပဲ ရှင်းပြလိုက်သည်။

     " အမေ မငိုပါနဲ့နော် သားမှားတာပါ။ အမေ မငိုလိုက်ပါနဲ့။ "

     စုန့်မေ့ယွီက ဆက်ငိုနေသေးတာကို တွေ့တဲ့အခါ သူက မသိလိုက်ပါပဲ စုန့်ကျားရန်ကို ကြည့်လာသည်။

     " အစ်မ ငါတို့ ဘာလုပ်သင့်လဲ .... "

     စုန့်ကျားရန်ကတော့ သူ့ကို အဓိပ္ပာယ်ရှိရှိတစ်ချက်ကြည့်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။ သူ(မ)က စုန့်မေ့ယွီကို သူ(မ)အခန်းဆီ ခေါ်သွားလိုက်တယ်။

     အမေနဲ့ သမီးနှစ်ယောက်သား ကုတင်တစ်ခုထဲပေါ်မှာ တူတူအိပ်လိုက်ကြသည်။ ဒီညမှာတော့ စုန့်ကျားရန်ဟာ စုန့်မေ့ယွီကို အမေတစ်ယောက်လိုပဲ ဖက်ထားလိုက်တယ်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now